Thursday, March 14, 2013

အာဗြံနှင့်လောတ
(ဖျက်ဆီးခြင်းခံခဲ့ရသော သောဒုံမြို့)
အာဗြံသည် မယားစာရဲ၊ တူဖြစ်သူ လောတ တို့နှင့်အတူ သူ၏ ပိုင်ဆိုင်သောပစ္စည်းဥစ္စာ၊ ကျွဲနွားတိရစ္ဆာန်၊ ကျွန်တို့ကို ယူပြီး ဥရမြို့က ထွက်ခွာလာခဲ့တယ်။ တောင်အထပ်ထပ်၊ မြစ် အသွယ်သွယ် ကို ကျော်ဖြတ်ပြီး နောက်ဆုံးမှာတော့ ခါနာန်ပြည်သို့ ရောက်လာခဲ့တယ်။ အဲ့ဒီပြည်ဟာ အာဗြံကို ဘုရားသခင် ကတိပေးထားတဲ့ တိုင်းပြည်ပဲဖြစ်တယ်။
သူတို့ဟာ အဲ့ဒီနေရာမှာပဲ နေဖို့ ပြင်ဆင်ကြပြီး ရွက်ဖျင်တဲများကို ဆောက်လုပ်ခဲ့ကြတယ်။ သူတို့၏ ငယ်သားသိုးထိန်းများက သိုးနွားတိရစ္ဆာန်များကို စားကျက်များထဲသို့ မနက်တိုင်း ထိန်းကျောင်း ခဲ့ကြတယ်။ မကြာလိုက်ပါဘူး၊ အချင်းချင်း ခိုက်ရန်ဖြစ်ပြီး ပြဿနာတက်ခဲ့ကြတယ်။ သူတို့ရဲ့ တိရစ္ဆာန်တွေအတွက် စားကျက်မြေမရှိဘဲကိုး။
ဒီလိုနဲ့ အာဗြံနဲ့ သူ့တူလောတတို့နှစ်ယောက်စလုံးဟာ
အရပ်ဒေသတစ်ခုထဲမှာ အတူတူနေဖို့ အတွက် အခက်အခဲ ရှိလာတယ်။ အာဗြံဟာ
သူ့တူလောတကို သူကြိုက်နှစ်သက်တဲ့ ဒေသ ကို ရွေးချယ်ခွင့် ပေးလိုက်တယ်။ လောတဟာ
မြေနေရာအကောင်းဆုံးဖြစ်တဲ့ သောဒုံမြို့နားက လွင်ပြင်ကို ရွေးချယ်ပြီး
တစ်ခါတည်း သူ့တိရိစ္ဆာန်၊ ကျွန်များနှင့် ပစ္စည်းဥစ္စာများကို ယူဆောင်ကာ
ပြောင်းရွှေ့သွားတယ်။ အာဗြံကတော့ ခါနာန်ပြည်မှာ နေရစ်ခဲ့တယ်။
တစ်ခုသောနေ့တစ်နေ့မှာတော့ လူသုံးဦးတို့သည် အာဗြံဆီကို ရောက်လာကြပြီး သောဒုံမြို့ကလူများသည် အလွန်ဆိုးညစ်ကြတဲ့အတွက် ဘုရားသခင်သည် ထိုမြို့ကို ဖျက်ဆီးတော့မည်ဟု လာရောက်ပြောပြခဲ့ကြတယ်။ သူတို့သည် ဘုရားသခင်၏ ကောင်းကင်တမန်များ ဖြစ်ကြတယ်။ လိင်တူပေါင်းသင်းဆက်ဆံခြင်း ဟာ
သောဒုံမြို့ရဲ့ အကြီးမားဆုံးအပြစ်ပါပဲ၊ ဘုရားသခင်က တစ်လင်တစ်မယားစနစ်ကိုပဲ
လိုချင်တယ်။ သောဒုံမြို့သားများကတော့ ဘုရားသခင်ကိုပင်
ဂရုမစိုက်ခဲ့ကြပါဘူး။
အာဗြံခမျာ သောဒုံမြို့ကို မဖျက်ဆီးဖို့ ဘုရားသခင်ကို တောင်းပန်ခဲ့ရှာတယ်။ အဲဒီအတွက်ကြောင့် ဘုရားသခင်က ဖြောင့်မတ်သူဆယ်ယောက်တွေ့နိုင်တယ်ဆိုပါက
အဲ့ဒီမြို့ကို မဖျက်ဆီးတော့ပါဟု အာဗြံနဲ့ သဘောတူခဲ့တယ်။ ဒါပေမယ့်
ဘုရားသခင်ကို ချစ်တဲ့ လူဆယ်ယောက်တောင်မျှ ထိုမြို့မှာ မရှိခဲ့ပါဘူး။
သောဒုံမြို့သို့ ကောင်းကင်တမန်နှစ်ပါး ရောက်ခဲ့ကြတဲ့အချိန်တွင် လောတဟာ မြို့တံခါးဝမှာ ထိုင်နေခဲ့တယ်။ ခရီးဦးကြိုပြုပြီး အိမ်ကို ခေါ်သွားခဲ့တယ်။ ကောင်းကင်တမန်တွေကလည်း အဲ့ဒီမြို့ကို ဘုရားသခင် ဖျက်ဆီးတော့မည့်အကြောင်း လောတကို သတိပေးခဲ့ကြတယ်။ နောက်တစ်နေ့ ရောက်လာတဲ့အခါမှာတော့ သူတို့က “သင်သည် ထ၍ ဤအရပ်၌ ရှိသော မယားနှင့် သမီးနှစ်ယောက်ကို ခေါ်၍ မြို့ပြင်သို့ အလျင်အမြန် ထွက်ကြလော့။” ဟု သတိပေးရင်း ကောင်းကင်တမန်တို့က သူတို့ကို လက်နဲ့ဆွဲပြီး မြို့ပြင်ကို ခေါ်ထုတ်ခဲ့ကြတယ်။
အဲဒီနောက် ဘုရားသခင်သည် ကောင်းကင်က ကန့်နဲ့မီးမိုးကို ရွာစေပြီး၊ အဲ့ဒီမြို့နှင့် အနီးပတ်ဝန်းကျင်ဒေသတစ်ခုလုံးကို ဖျက်ဆီးပစ်ခဲ့တယ်။ လောတ၏ မယားမှာမူ နောက်ပြန်လှည့်မိလိုက်တဲ့အတွက် ဆားတိုင်ကြီးဖြစ်သွားခဲ့ရရှာတယ်။
ဝမ်းနည်းစရာ ပုံပြင်တစ်ပုဒ်ပါလား။ လောတက အတ္တကြီးစွာနဲ့ ကောင်းပေ့ဆိုတဲ့ လွင်ပြင်ကြီးကို ရွေးချယ်ခဲ့ပေမယ့်၊ နောက်ဆုံးမှာတော့ ရှိသမျှဆုံး၊ မယားပါ ဆုံးခဲ့ရတဲ့ဘဝနဲ့ နိဂုံးချုပ်ခဲ့ရှာတယ်။ ဘုရားသခင်က ကျွန်ုပ်တို့ကို မကောင်းမှုတွေကို ရှောင်ရှားစေချင်တယ်။ တစ်လင်တစ်မယားစနစ်ကိုပဲ ကျင့်သုံးစေချင်တယ်။ နာမခံသောသူကို ဘုရားသခင်က တရားစီရင်ပါလိမ့်မယ်။ အာဗြံကဲ့သို့ နာခံမှုရှိသောသူကိုတော့ ကောင်းကြီးမင်္ဂလာတွေကို သွန်းလောင်းပေးပါလိမ့်မယ်။
ကမ္ဘာဦးကျမ်း ၁၂၊ ၁၃၊ ၁၈၊ ၁၉
“အာဗြံသည် အမွေခံရလတ္တံ့သောပြည်သို့ ထွက်သွားမည့်အကြောင်း ဘုရားသခင် ခေါ်တော်မူသောအခါ သူသည် အဘယ်အရပ်သို့ သွားသည်ကို ကိုယ်တိုင်မသိဘဲလျက်၊ ယုံကြည်ခြင်းအားဖြင့် နားထောင်၍ ထွက်သွားလေ၏။” - ဟေဗြဲ ၁၁း၈
(ဖျက်ဆီးခြင်းခံခဲ့ရသော သောဒုံမြို့)
အာဗြံသည် မယားစာရဲ၊ တူဖြစ်သူ လောတ တို့နှင့်အတူ သူ၏ ပိုင်ဆိုင်သောပစ္စည်းဥစ္စာ၊ ကျွဲနွားတိရစ္ဆာန်၊ ကျွန်တို့ကို ယူပြီး ဥရမြို့က ထွက်ခွာလာခဲ့တယ်။ တောင်အထပ်ထပ်၊ မြစ် အသွယ်သွယ် ကို ကျော်ဖြတ်ပြီး နောက်ဆုံးမှာတော့ ခါနာန်ပြည်သို့ ရောက်လာခဲ့တယ်။ အဲ့ဒီပြည်ဟာ အာဗြံကို ဘုရားသခင် ကတိပေးထားတဲ့ တိုင်းပြည်ပဲဖြစ်တယ်။
သူတို့ဟာ အဲ့ဒီနေရာမှာပဲ နေဖို့ ပြင်ဆင်ကြပြီး ရွက်ဖျင်တဲများကို ဆောက်လုပ်ခဲ့ကြတယ်။ သူတို့၏ ငယ်သားသိုးထိန်းများက သိုးနွားတိရစ္ဆာန်များကို စားကျက်များထဲသို့ မနက်တိုင်း ထိန်းကျောင်း ခဲ့ကြတယ်။ မကြာလိုက်ပါဘူး၊ အချင်းချင်း ခိုက်ရန်ဖြစ်ပြီ
ဒီလိုနဲ့ အာဗြံနဲ့ သူ့တူလောတတို့နှစ်ယောက်စလုံ
တစ်ခုသောနေ့တစ်နေ့မှာတော့ လူသုံးဦးတို့သည် အာဗြံဆီကို ရောက်လာကြပြီး သောဒုံမြို့ကလူများသည် အလွန်ဆိုးညစ်ကြတဲ့အတွက် ဘုရားသခင်သည် ထိုမြို့ကို ဖျက်ဆီးတော့မည်ဟု လာရောက်ပြောပြခဲ့ကြတယ်။ သူတို့သည် ဘုရားသခင်၏ ကောင်းကင်တမန်များ ဖြစ်ကြတယ်။ လိင်တူပေါင်းသင်းဆက်ဆံခြင်း
အာဗြံခမျာ သောဒုံမြို့ကို မဖျက်ဆီးဖို့ ဘုရားသခင်ကို တောင်းပန်ခဲ့ရှာတယ်။ အဲဒီအတွက်ကြောင့် ဘုရားသခင်က ဖြောင့်မတ်သူဆယ်ယောက်တွေ့နိ
သောဒုံမြို့သို့ ကောင်းကင်တမန်နှစ်ပါး ရောက်ခဲ့ကြတဲ့အချိန်တွင် လောတဟာ မြို့တံခါးဝမှာ ထိုင်နေခဲ့တယ်။ ခရီးဦးကြိုပြုပြီး အိမ်ကို ခေါ်သွားခဲ့တယ်။ ကောင်းကင်တမန်တွေကလည်း အဲ့ဒီမြို့ကို ဘုရားသခင် ဖျက်ဆီးတော့မည့်အကြောင်း လောတကို သတိပေးခဲ့ကြတယ်။ နောက်တစ်နေ့ ရောက်လာတဲ့အခါမှာတော့ သူတို့က “သင်သည် ထ၍ ဤအရပ်၌ ရှိသော မယားနှင့် သမီးနှစ်ယောက်ကို ခေါ်၍ မြို့ပြင်သို့ အလျင်အမြန် ထွက်ကြလော့။” ဟု သတိပေးရင်း ကောင်းကင်တမန်တို့က သူတို့ကို လက်နဲ့ဆွဲပြီး မြို့ပြင်ကို ခေါ်ထုတ်ခဲ့ကြတယ်။
အဲဒီနောက် ဘုရားသခင်သည် ကောင်းကင်က ကန့်နဲ့မီးမိုးကို ရွာစေပြီး၊ အဲ့ဒီမြို့နှင့် အနီးပတ်ဝန်းကျင်ဒေသတစ်ခုလုံ
ဝမ်းနည်းစရာ ပုံပြင်တစ်ပုဒ်ပါလား။ လောတက အတ္တကြီးစွာနဲ့ ကောင်းပေ့ဆိုတဲ့ လွင်ပြင်ကြီးကို ရွေးချယ်ခဲ့ပေမယ့်၊ နောက်ဆုံးမှာတော့ ရှိသမျှဆုံး၊ မယားပါ ဆုံးခဲ့ရတဲ့ဘဝနဲ့ နိဂုံးချုပ်ခဲ့ရှာတယ်။ ဘုရားသခင်က ကျွန်ုပ်တို့ကို မကောင်းမှုတွေကို ရှောင်ရှားစေချင်တယ်။ တစ်လင်တစ်မယားစနစ်ကိုပဲ ကျင့်သုံးစေချင်တယ်။ နာမခံသောသူကို ဘုရားသခင်က တရားစီရင်ပါလိမ့်မယ်။ အာဗြံကဲ့သို့ နာခံမှုရှိသောသူကိုတော့ ကောင်းကြီးမင်္ဂလာတွေကို သွန်းလောင်းပေးပါလိမ့်မယ်။
ကမ္ဘာဦးကျမ်း ၁၂၊ ၁၃၊ ၁၈၊ ၁၉
“အာဗြံသည် အမွေခံရလတ္တံ့သောပြည်သို့ ထွက်သွားမည့်အကြောင်း ဘုရားသခင် ခေါ်တော်မူသောအခါ သူသည် အဘယ်အရပ်သို့ သွားသည်ကို ကိုယ်တိုင်မသိဘဲလျက်၊ ယုံကြည်ခြင်းအားဖြင့် နားထောင်၍ ထွက်သွားလေ၏။” - ဟေဗြဲ ၁၁း၈
Wednesday, March 13, 2013

ဗာဗုလုန်ရဲတိုက်ကြီး
(ဘာသာစကားကွဲပြားခြားနားရာ အစအဦး)
ဘုရားသခင်ဆုံးမတော်မူသော ရေလွှမ်းမိုးမှုကြီးပြီး ဆုံးသွား သည့်နောက်ပိုင်း နှစ်အနည်းငယ်ကြာသော အခါ ထိုအဖြစ်အပျက်သည် နောဧ၏ သားသမီးတို့ စိတ်ထဲတွင် မေ့မေ့ပျောက်ပျောက် ဖြစ်လာခဲ့တယ်။ သူတို့ရဲ့ မိသားစုများဟာလည်း ကမ္ဘာမြေပေါ်တွင် အလွန်ပဲ ပွားများလာခဲ့တယ်။ ဒါပေမယ့် သူတို့တွေရဲ့ စိတ်နှလုံး အကြံအစည်များဟာ တဖန် ဆိုးညစ်လာခဲ့ကြပြန်တယ်။
လူများတို့သည် ခရီးသွားလာရင်း အရှေ့အရပ်ရှိ မြေညီရာအရပ်ကို တွေ့ရှိခဲ့ကြတယ်။ ထိုအချိန်က လူများတို့ဟာ ဘာသာစကားတစ်မျိုးတည်းကိုသာ ပြောဆို သုံးစွဲကြတဲ့ကာလဖြစ်တယ်။ သူတို့ဟာ အချင်းချင်း တိုင်ပင်ကြတယ်။ “လာကြ၊ မြေကြီးတပြင်လုံး၌ အရပ်ရပ်ကွဲပြားမည်ကို စိုးရိမ်၍ မြို့ကိုလည်းကောင်း၊ မိုဃ်းကောင်းကင်သို့ မှီရသော ရဲတိုက်ကိုလည်းကောင်း တည်လုပ်သဖြင့် ကျော်စောကိတ္တိရှိစေခြင်းငှာ ပြုကြကုန်အံ့” ဟု ပြောဆိုကြတယ်။
ဒီလိုနဲ့ သူတို့ဟာ ရဲတိုက်ကြီးနှင့်တကွ မျှော်စင်ကို စတင်ဆောက်လုပ်ကြတယ်။ သူတို့ပြုသောအရာကို ကြည့်ရှုဖို့အတွက် ဘုရားသခင်သည် ကောင်းကင်ဘုံမှ ဆင်းသက်တော်မူတယ်။ သို့သော် သူတို့ ပြုသောအမှုသည် ထာဝရအရှင် ဘုရားသခင်၏ စိတ်တော်ကို ကြီးမားစွာ အနှောင့်အယှက်ဖြစ်စေခဲ့တယ်။
ထို့ကြောင့် ဘုရားသခင်က သူတို့ရဲ့ လျှာကို သူတို့တစ်ခါမျှ မပြောဘူးသော ဘာသာစကားများကို ပြောစေခြင်းဖြင့် ဘာသာစကားပေါင်းစုံ ကွဲပြားစေခဲ့တယ်။
ရဲတိုက်ကြီးနှင့်တကွ မျှော်စင်ကို ဆောက်လုပ်သူတို့ဟာ ဆက်လက်တည်ဆောက်ဖို့ မတတ်နိုင်ကြတော့ဘူး။ အကြောင်းကတော့ သူတို့ဟာ တစ်ယောက်စကား တစ်ယောက် နားမလည်ကြတော့တဲ့အတွက် ဖြစ်တယ်။ ဒီလိုနဲ့ ရဲတိုက်ကြီး ဆောက်လုပ်ခြင်းကို ရပ်ဆိုင်းရပြီး သူတို့တွေဟာလည်း ဘာသာစကားတူရာ အစုစုဖွဲ့ပြီး အရပ်ရပ်ကို ပြောင်းရွှေ့နေထိုင်ကြတော့တယ်။ အဲ့ဒီလက်စမသတ်ရတဲ့ ရဲတိုက်ကြီးရဲ့ နာမည်ကတော့ ဗာဗုလုန်ဖြစ်ပြီး သူ့ရဲ့ အဓိပ္ပါယ်ကတော့ ရှုပ်ထွေးခြင်းဖြစ်တယ်။
အချိန်ကာလ တဖြည်းဖြည်းကြာလာတဲ့အခါမှာေ တာ့
လူတွေဟာ သစ်ပင်၊ ကျောက်တုံးတို့ကို နတ်ဘုရားများဟု ယူဆကာ
ကိုးကွယ်ပူဇော်လာကြတယ်။ သူတို့က ဒီနတ်ဘုရားတွေဟာ သူတို့ ဆုတောင်းသံတွေကို
နားထောင်ပြီး သူတို့ကို ကူညီမစလိမ့်မယ်လို့ ထင်ထားကြတယ်။ ဒီလူတွေဟာ
စစ်မှန်သောဘုရားကို မသိကြဘူး။ ဆိုးညစ်သောအမှုများစွာကိုလည်း ကျူးလွန်လေ့ရှိတယ်။
သို့သော် သူတို့နဲ့ခြားနားတဲ့ ဥရမြို့သားတစ်ယောက်ကိုတော့ ဘုရားသခင် တွေ့ထားတယ်။ သူ့ရဲ့နာမည်က အာဗြံဖြစ်ပြီး၊ ဘုရားသခင်ကိုသာ ကိုးကွယ်ဝတ်ပြုလေ့ရှိသူဖြစ် တယ်။
သူ့ရဲ့ ပတ်ဝန်းကျင်မှာ ဆိုးညစ်သူတွေ ပြည့်နှက်နေပေမယ့်လည်း ဘုရားသခင်ရဲ့
စကားကိုသာ အမြဲတမ်း နားထောင်လေ့ရှိသူဖြစ်တယ်။ “ထာဝရဘုရားသည်လည်း
အာဗြံကိုခေါ်တော်မူ၍၊ သင်၏ပြည်နှင့်တကွ အမျိုးသားချင်းပေါက်ဖော်များထဲက ထွက်ပြီးလျှင်၊ ငါပြလတ္တံ့သောပြည်သို့သွားလော့။
ငါ ကောင်းကြီးပေး၍ သင်၏နာမကို ကြီးမြတ်စေမည်။ သင့်အားဖြင့်လည်း
လူမျိုးအပေါင်းတို့ ကောင်းကြီးမင်္ဂလာကို ခံကြရလိမ့်မည်။” ဟု မိန့်တော်မူတယ်။
အာဗြံသည် ဘာမျှရေရေရာရာသဘောပေါက်နားလ ည်ခြင်း မရှိသော်လည်း ဘုရားသခင်၏ စကားကို နားထောင်ခဲ့တယ်။
ကမ္ဘာဦးကျမ်း ၁၀၊ ၁၁း၁-၉
“လက်ရုံးတော်အားဖြင့် တန်ခိုးကို ပြတော်မူပြီ။ မာနထောင်လွှားသောသူတို့ကို ကွဲလွင့်စေတော်မူပြီ။” - လုကာ ၁း၅၁
(ဘာသာစကားကွဲပြားခြားနားရာ အစအဦး)
ဘုရားသခင်ဆုံးမတော်မူသော ရေလွှမ်းမိုးမှုကြီးပြီး ဆုံးသွား သည့်နောက်ပိုင်း နှစ်အနည်းငယ်ကြာသော အခါ ထိုအဖြစ်အပျက်သည် နောဧ၏ သားသမီးတို့ စိတ်ထဲတွင် မေ့မေ့ပျောက်ပျောက် ဖြစ်လာခဲ့တယ်။ သူတို့ရဲ့ မိသားစုများဟာလည်း ကမ္ဘာမြေပေါ်တွင် အလွန်ပဲ ပွားများလာခဲ့တယ်။ ဒါပေမယ့် သူတို့တွေရဲ့ စိတ်နှလုံး အကြံအစည်များဟာ တဖန် ဆိုးညစ်လာခဲ့ကြပြန်တယ်။
လူများတို့သည် ခရီးသွားလာရင်း အရှေ့အရပ်ရှိ မြေညီရာအရပ်ကို တွေ့ရှိခဲ့ကြတယ်။ ထိုအချိန်က လူများတို့ဟာ ဘာသာစကားတစ်မျိုးတည်းကိုသာ ပြောဆို သုံးစွဲကြတဲ့ကာလဖြစ်တယ်။ သူတို့ဟာ အချင်းချင်း တိုင်ပင်ကြတယ်။ “လာကြ၊ မြေကြီးတပြင်လုံး၌ အရပ်ရပ်ကွဲပြားမည်ကို စိုးရိမ်၍ မြို့ကိုလည်းကောင်း၊ မိုဃ်းကောင်းကင်သို့ မှီရသော ရဲတိုက်ကိုလည်းကောင်း တည်လုပ်သဖြင့် ကျော်စောကိတ္တိရှိစေခြင်းငှာ
ဒီလိုနဲ့ သူတို့ဟာ ရဲတိုက်ကြီးနှင့်တကွ မျှော်စင်ကို စတင်ဆောက်လုပ်ကြတယ်။ သူတို့ပြုသောအရာကို ကြည့်ရှုဖို့အတွက် ဘုရားသခင်သည် ကောင်းကင်ဘုံမှ ဆင်းသက်တော်မူတယ်။ သို့သော် သူတို့ ပြုသောအမှုသည် ထာဝရအရှင် ဘုရားသခင်၏ စိတ်တော်ကို ကြီးမားစွာ အနှောင့်အယှက်ဖြစ်စေခဲ့တယ်။
ထို့ကြောင့် ဘုရားသခင်က သူတို့ရဲ့ လျှာကို သူတို့တစ်ခါမျှ မပြောဘူးသော ဘာသာစကားများကို ပြောစေခြင်းဖြင့် ဘာသာစကားပေါင်းစုံ ကွဲပြားစေခဲ့တယ်။
ရဲတိုက်ကြီးနှင့်တကွ မျှော်စင်ကို ဆောက်လုပ်သူတို့ဟာ ဆက်လက်တည်ဆောက်ဖို့ မတတ်နိုင်ကြတော့ဘူး။ အကြောင်းကတော့ သူတို့ဟာ တစ်ယောက်စကား တစ်ယောက် နားမလည်ကြတော့တဲ့အတွက် ဖြစ်တယ်။ ဒီလိုနဲ့ ရဲတိုက်ကြီး ဆောက်လုပ်ခြင်းကို ရပ်ဆိုင်းရပြီး သူတို့တွေဟာလည်း ဘာသာစကားတူရာ အစုစုဖွဲ့ပြီး အရပ်ရပ်ကို ပြောင်းရွှေ့နေထိုင်ကြတော့တယ
အချိန်ကာလ တဖြည်းဖြည်းကြာလာတဲ့အခါမှာေ
သို့သော် သူတို့နဲ့ခြားနားတဲ့ ဥရမြို့သားတစ်ယောက်ကိုတော့ ဘုရားသခင် တွေ့ထားတယ်။ သူ့ရဲ့နာမည်က အာဗြံဖြစ်ပြီး၊ ဘုရားသခင်ကိုသာ ကိုးကွယ်ဝတ်ပြုလေ့ရှိသူဖြစ်
ကမ္ဘာဦးကျမ်း ၁၀၊ ၁၁း၁-၉
“လက်ရုံးတော်အားဖြင့် တန်ခိုးကို ပြတော်မူပြီ။ မာနထောင်လွှားသောသူတို့ကို ကွဲလွင့်စေတော်မူပြီ။” - လုကာ ၁း၅၁
Tuesday, March 12, 2013

သင်္ဘောဆောက်လုပ်သူနောဧ
(ပထမဆုံးရေကြောင်းခရီးသည်များ)
ဤလောကတွင် ကမ္ဘာပေါ်၌ လူဦးရေဟာ များပြားစွာ တိုးပွားလာပြီး ဝမ်းနည်းစရာကောင်းတာ ကတော့ လူတွေဟာ အလွန်အမင်းဆိုးညစ် လာကြတဲ့အတွက် ဘုရားသခင်က သူတို့ကို ကြီးမားသော ရေလွှမ်းမိုးမှုဖြင့် တရားစီရင်ဖို့ ဆုံးဖြတ်ထားခဲ့တယ်။
ဘုရားသခင်သည် ကောင်းကင်ဘုံမှ ငုံ့ကြည့်သော အခါ နောဧ အမည်ရှိ ဖြောင့်မတ်သောသူ တစ်ယောက်ကို တွေ့ခဲ့တယ်။ နေဧဟာ ဘုရားသခင်၏ စိတ်တော်နှင့် တွေ့သော သူ ဖြစ်တယ်။ ဘုရားသခင်က ကမ္ဘာကြီး ကို ရေလွှမ်းမိုးမည့် အကြောင်းပြောရင်း နောဧ ကို ကြီးမားသော သင်္ဘောကြီး တစ်စီး တည်ဆောက် ခိုင်းတယ်။ ဘယ်လိုဆောက်ရမလဲဆိုတာကိုလည်း
တိတိကျကျအသေးစိတ် ပြောပြတယ်။ ဆိုးညစ်တဲ့ လူတွေဟာ ရေမရှိတဲ့နေရာမှာ
သင်္ဘောဆောက်နေတဲ့ နောဧကို ဟားတိုက်ရယ်မောကြမယ်ဆိုတာ အသေအချာပဲ။ ဒါပေမယ့်
နောဧကတော့ ခပ်တည်တည်ပဲ။ ဘုရားသခင် အမိန့်တော်အတိုင်း သင်္ဘောကို ဆက်ပြီး
ဆောက်လုပ်တယ်။ သူက ဘုရားသခင်ရဲ့ စကားကို အပြည့်အဝ ယုံကြည်ရုံမကသေးဘူး၊
လူတွေကို ဘုရားသခင် အကြောင်းနဲ့ မကြာခင်လာတော့မည့် ပျက်စီးခြင်းအကြောင်းကို
ပြောပြတယ်။
ဒီလိုနဲ့ နှစ်တစ်ရာကျော်ကြာပြီး နောက်ဆုံးမှာတော့ သင်္ဘောကြီးဟာ တည်ဆောက်ပြီးစီးသွားတယ်။ ဘုရားသခင်က နောဧတို့ မိသားစု ရှစ်ယောက်လုံးကို သင်္ဘောကြီးထဲဝင်ကြဖို့ အမိန့်ပေးတယ်။ ဒါ့အပြင် သားရဲတိရစ္ဆာန်၊ ငှက်နှင့် တွားသွားတတ်သော တိရစ္ဆာန်တွေကို အထီးအမ တစ်စုံစီ သင်္ဘောထဲ ဝင်စေတယ်။ အကုန်လုံး အထဲမှာ နေသားတကျရှိပြီဆိုတဲ့အခါမှာ တော့ ဘုရားသခင်က ဘင်္ဘောတံခါးကို ပိတ်ပစ်လိုက်တယ်။
ခုနစ်ရက်စေ့တဲ့အခါမှာတော့ ကမ္ဘာဖျက်မိုးကြီးဟာ ရက်လေးဆယ်ဆက်တိုက် မရပ်မနား စတင် ရွာသွန်းကာ မိုးကောင်းကင်တံခါးကို ဖွင့်ချလိုက်သကဲ့သို့ ပြင်းထန်စွာ ရွာချခဲ့တယ်။ ရေကြီးမှုကြောင့် တောင်ကုန်း၊ တောင်တန်းတွေ အားလုံး ရေမြုပ်ပြီး သက်ရှိလူ၊ တိရစ္ဆာန်အားလုံး သေကြေပျက်စီးကြကုန်တယ်။ နောဧ နဲ့ သူ့မိသားစုကတော့ သင်္ဘောကြီးနဲ့ အတူ မျောပါပြီး ရက်ပေါင်းများစွာ ကြာတဲ့အခါ ရေများ တဖြည်းဖြည်း လျော့သွားပြီး၊ သင်္ဘောကြီးမှာလည်း အာရရတ်တောင်ပေါ်၌ တင်ကျန်နေတယ်။ တစ်နေ့မှာတော့ နောဧဟာ သဘောင်္ပြတင်းပေါက်ကို ဖွင့်ပြီး ခိုတစ်ကောင်ကို လွှတ်လိုက်သော်လည်း ကုန်းမြေကို မတွေ့သေးတဲ့ခိုဟာ သင်္ဘောဆီကို ပြန်ရောက်လာတယ်။ တစ်ပတ်အကြာမှာ ချိုးငှက်ကို ထပ်လွှတ်လိုက်တဲ့အခါမှာတော့ ချိုးငှက်ဟာ နှုတ်သီးမှာ သစ်ရွက်လေးကိုက်ချီပြီး ပြန်လာတယ်။ ဒါနဲ့ မြေကြီးပေါ်မှာ ရေခန်းခြောက်စ ပြုတာကို ခန့်မှန်းနိုင်ပြီပေါ့။ နောက်တစ်ကြိမ် ချိုးငှက်ကို လွှတ်လိုက်တဲ့အခါ ပြန်မလာတော့ပါဘူး။ ကမ္ဘာမြေကြီးပေါ်မှာ ရေခန်းခြောက်ကြောင်း နောဧ သိလိုက်တယ်။
နောဧ တို့မိသားစုဟာ သင်္ဘောပေါ်မှ ဆင်းလာကြတယ်။ နောဧဟာ မိမိနှင့် အိမ်သူအိမ်သားအပေါင်းတို့ အသက်ရှင်ခွင့်ရသောကြောင့် ဘုရားသခင်ကို အလွန်ကျေးဇူးတင်၍ ယဇ်ပလ္လင်ကို တည်ဆောက်ကာ မီးရှို့ရာ ယဇ်ဖြင့် ပူဇော်ခဲ့တယ်။ ဘုရားသခင်သည် လှပသော သက်တန့် ကို ကောင်းကင်တွင် ပေါ်စေပြီး နောက်တစ်ဖန် ကမ္ဘာကြီးအား ရေဖြင့် လွှမ်းမိုးဖျက်ဆီးခြင်း မပြုတော့ပါဟူသော ကတိပြုခြင်း၏ လက္ခဏာဖြစ်သည်ဟု နောဧအား ဘုရားသခင် မိန့်တော်မူခဲ့တယ်။
ကမ္ဘာဦးကျမ်း ၆၊ ၇၊ ၈၊ ၉း၁-၁၈
“ကိုယ်တော်သည် မတရားသောအမှုကို နှစ်သက်သောဘုရားမဟုတ်။ ဆိုးသောသူကို လက်ခံတော်မမူ။” - ဆာလံကျမ်း ၅း၎
(ပထမဆုံးရေကြောင်းခရီးသည်မျ
ဤလောကတွင် ကမ္ဘာပေါ်၌ လူဦးရေဟာ များပြားစွာ တိုးပွားလာပြီး ဝမ်းနည်းစရာကောင်းတာ ကတော့ လူတွေဟာ အလွန်အမင်းဆိုးညစ် လာကြတဲ့အတ
ဘုရားသခင်သည် ကောင်းကင်ဘုံမှ ငုံ့ကြည့်သော အခါ နောဧ အမည်ရှိ ဖြောင့်မတ်သောသူ တစ်ယောက်ကို
ဒီလိုနဲ့ နှစ်တစ်ရာကျော်ကြာပြီး နောက်ဆုံးမှာတော့ သင်္ဘောကြီးဟာ တည်ဆောက်ပြီးစီးသွားတယ်။ ဘုရားသခင်က နောဧတို့ မိသားစု ရှစ်ယောက်လုံးကို သင်္ဘောကြီးထဲဝင်ကြဖို့ အမိန့်ပေးတယ်။ ဒါ့အပြင် သားရဲတိရစ္ဆာန်၊ ငှက်နှင့် တွားသွားတတ်သော တိရစ္ဆာန်တွေကို အထီးအမ တစ်စုံစီ သင်္ဘောထဲ ဝင်စေတယ်။ အကုန်လုံး အထဲမှာ နေသားတကျရှိပြီဆိုတဲ့အခါမှာ
ခုနစ်ရက်စေ့တဲ့အခါမှာတော့ ကမ္ဘာဖျက်မိုးကြီးဟာ ရက်လေးဆယ်ဆက်တိုက် မရပ်မနား စတင် ရွာသွန်းကာ မိုးကောင်းကင်တံခါးကို ဖွင့်ချလိုက်သကဲ့သို့ ပြင်းထန်စွာ ရွာချခဲ့တယ်။ ရေကြီးမှုကြောင့် တောင်ကုန်း၊ တောင်တန်းတွေ အားလုံး ရေမြုပ်ပြီး သက်ရှိလူ၊ တိရစ္ဆာန်အားလုံး သေကြေပျက်စီးကြကုန်တယ်။ နောဧ နဲ့ သူ့မိသားစုကတော့ သင်္ဘောကြီးနဲ့ အတူ မျောပါပြီး ရက်ပေါင်းများစွာ ကြာတဲ့အခါ ရေများ တဖြည်းဖြည်း လျော့သွားပြီး၊ သင်္ဘောကြီးမှာလည်း အာရရတ်တောင်ပေါ်၌ တင်ကျန်နေတယ်။ တစ်နေ့မှာတော့ နောဧဟာ သဘောင်္ပြတင်းပေါက်ကို ဖွင့်ပြီး ခိုတစ်ကောင်ကို လွှတ်လိုက်သော်လည်း ကုန်းမြေကို မတွေ့သေးတဲ့ခိုဟာ သင်္ဘောဆီကို ပြန်ရောက်လာတယ်။ တစ်ပတ်အကြာမှာ ချိုးငှက်ကို ထပ်လွှတ်လိုက်တဲ့အခါမှာတော့ ချိုးငှက်ဟာ နှုတ်သီးမှာ သစ်ရွက်လေးကိုက်ချီပြီး ပြန်လာတယ်။ ဒါနဲ့ မြေကြီးပေါ်မှာ ရေခန်းခြောက်စ ပြုတာကို ခန့်မှန်းနိုင်ပြီပေါ့။ နောက်တစ်ကြိမ် ချိုးငှက်ကို လွှတ်လိုက်တဲ့အခါ ပြန်မလာတော့ပါဘူး။ ကမ္ဘာမြေကြီးပေါ်မှာ ရေခန်းခြောက်ကြောင်း နောဧ သိလိုက်တယ်။
နောဧ တို့မိသားစုဟာ သင်္ဘောပေါ်မှ ဆင်းလာကြတယ်။ နောဧဟာ မိမိနှင့် အိမ်သူအိမ်သားအပေါင်းတို့ အသက်ရှင်ခွင့်ရသောကြောင့် ဘုရားသခင်ကို အလွန်ကျေးဇူးတင်၍ ယဇ်ပလ္လင်ကို တည်ဆောက်ကာ မီးရှို့ရာ ယဇ်ဖြင့် ပူဇော်ခဲ့တယ်။ ဘုရားသခင်သည် လှပသော သက်တန့် ကို ကောင်းကင်တွင် ပေါ်စေပြီး နောက်တစ်ဖန် ကမ္ဘာကြီးအား ရေဖြင့် လွှမ်းမိုးဖျက်ဆီးခြင်း မပြုတော့ပါဟူသော ကတိပြုခြင်း၏ လက္ခဏာဖြစ်သည်ဟု နောဧအား ဘုရားသခင် မိန့်တော်မူခဲ့တယ်။
ကမ္ဘာဦးကျမ်း ၆၊ ၇၊ ၈၊ ၉း၁-၁၈
“ကိုယ်တော်သည် မတရားသောအမှုကို နှစ်သက်သောဘုရားမဟုတ်။ ဆိုးသောသူကို လက်ခံတော်မမူ။” - ဆာလံကျမ်း ၅း၎
Monday, March 11, 2013

ပထမဦးဆုံးသောအပြစ်
(ဧဒင်ဥယျာဉ်မှ နှင်ထုတ်ခံရခြင်း)
အာဒံနှင့်ဧဝတို့နှစ်ဦးဟာ သာယာလှပသော ဥယျာဉ်ကြီးထဲမှာ ဘယ်လောက်ကြာကြာနေထိုင်ခွင့်
ရခဲ့သလဲဆိုတာကိုတော့ ကျွန်ုပ်တို့ မသိနိုင်ပါဘူး။ လူတွေက သူတို့
သူငယ်ချင်းတွေနဲ့ ရင်းရင်းနှီးနှီး စကားပြောဆက်ဆံသလိုမျိုး၊ အာဒံနှင့်ဧဝ
တို့ဟာ ဘုရားသခင်ကို ပြောဆိုဆက်ဆံခွင့် ရခဲ့တယ်။ ဘုရားသခင် ပြောဆို
မိန့်မှာတော်မူတဲ့အတိုင်း လိုက်လျှောက်နားထောင်လေ့ရှိ ပြီး အပြစ်ပြုခြင်းနှင့် ပတ်သက်၍ တစ်စုံတစ်ခုကိုမျှ သူတို့နားလည် သိရှိခြင်း မရှိ သေးပေ။
တကယ်တော့ အာဒံနှင့်ဧဝ တို့နှစ်ဦးစလုံးသည် ဘုရားသခင်၏စကားကို အစဉ်အမြဲ နားထောင် တတ်ရန် သင်ယူဘို့ လိုအပ်ပါတယ်။ “ထာဝရဘုရားသခင်ကလည်း ကောင်းမကောင်းကို သိကျွမ်းရာအပင်မှတစ်ပါး ထိုဥယျာဉ်၌ ရှိသမျှ အပင်တို့၏အသီးကို သင်စားရသောအခွင့်ရှိ၏။ ထိုအပင်၏အသီးကိုကား မစားရ။ စားသောနေ့တွင် ဧကန်အမှန်သေရမည်။” ဟု သူတို့နှစ်ဦးကို မိန့်တော်မူခဲ့တယ်။
ထာဝရဘုရားသခင် ဖန်ဆင်းခဲ့တဲ့ တိရစ္ဆာန်များတွင် မြွေလည်း ပါဝင်ခဲ့တယ်။ ကျွန်ုပ်တို့အား အပြစ်လုပ်ရန် အစဉ်အမြဲသွေးဆောင်လေ့ရှိသူ စာတန်သည် မြွေယောင်ဆောင်၍ ဧဝအား အပြစ်လုပ်ရန် သွေးဆောင်တော့တာပဲ။ မြွေက ဧဝကို “သင်တို့သည် ဧကန်အမှန်သေရမည်မဟုတ်။ အကြောင်းမူကား၊ ထိုအသီးကို စားသောနေ့၌ သင်တို့သည် မျက်စိပွင့်လင်းလျက်၊ ကောင်းမကောင်းကို သိ၍ ဘုရားသခင်ကဲ့သို့ ဖြစ်ကြလတ္တံသည်ကို ဘုရားသခင် သိတော်မူစည်” ဟု မိန်းမအား ဆိုခဲ့တယ်။
ဧဝဟာ မြွေရဲ့စကားကို နားထောင်လိုက်တယ်။ ထိုအသီးကို ကြည့်ပြီး တော်တော် အရသာ ရှိမယ့်ပုံစံပဲလို့ တွေးရင်း ဒီအသီးကိုစားရရင် ဉာဏ်ပညာတိုးပွားလာမယ်လို့ တထစ်ချ ယုံကြည်လိုက်တယ်။ ဘုရားသခင်ရဲ့ စကားကို ဂရုမစိုက်ဘဲ အသီးကို ခူးစားလိုက်တယ်။ အာဒံကိုလည်း တချို့တဝက်ကို ပေးပြီး စားစေတယ်။ အဲဒီညနေမှာ ဘုရားသခင် ကြွလာတော်မူသော အသံကို ကြားရပေမယ့်လည်း အရင်လို မတွေ့ရဲဘဲ ကြောက်ကြောက်နဲ့ ပုန်းရှောင်ဖို့ ကြိုးစားခဲ့ကြတယ်။
သူတို့ရဲ့ မနာခံမှုကြောင့် ဘုရားသခင်က ဧဝ ကို “သင်၌ ကိုယ်ဝန်ဆောင်ရခြင်းဝေဒနာကို
ငါ အလွန်များပြားစေမည်။ ပင်ပန်းစွာဝေဒနာခံ၍ သားဖွားရမည်။ ကိုယ့်ခင်ပွန်း၏
အိုသို့လိုက်၍ သူ၏ အုပ်စိုးခြင်းကိုလည်း ခံရမည်ဟု မိန့်တော်မူ၏။”
အာဒံကိုလည်း ဘုရားသခင်က “ထိုအပင်၏ အသီးကို မစားရဟု ငါ ပညတ်သော်လည်း၊ သင်သည်
မယား၏ စကားကို နားထောင်၍ စားမိသောကြောင့် မြေသည် သင်၏ အတွက် ကျိန်ခြင်းကို
ခံလျက်ရှိ၏။ ဆူးပင်အမျိုးမျိုးတို့ကိုလည်း သင့်အဖို့ မြေပေါက်စေမည်။” ဟု မိန့်တော်မူတယ်။ ထို့အတူ မြွေသည်လည်း ထာဝရအရှင်ဘုရားသခင်၏ ကျိန်တော်မူခြင်းကို ခံခဲ့ရတယ်။
အာဒံနှင့်ဧဝ တို့ဟာ သူတို့ပျော်ရွှင်စွာ နေထိုင်ခဲ့ကြတဲ့ ဥယျာဉ်ကြီးထဲမှာ ဆက်ပြီးနေထိုင်ခွင့်မရှိတော့ ပါဘူး။ ဘုရားသခင်က သူတို့ကို နှင်ထုတ်လိုက်ပြီး မီးစက်လက်နက်ကိုင်ထားတဲ့ကော င်းကင်တမန်တွေကို ဥယျာဉ် ဝင်ပေါက်မှာ အစောင့်ချထားလိုက်ပါတော့တယ် ။
ကမ္ဘာဦးကျမ်း ၃
“အကြောင်းမူကား တစ်ယောက်သောသူသည် နားမထောင်သောအားဖြင့် လူများတို့သည် အပြစ်ရောက်သည့်နည်းတူ၊ တစ်ယောက်သောသူသည် နားထောင်သောအားဖြင့် လူများတို့သည် ဖြောင့်မတ်ရာသို့ ရောက်ရကြ၏။” - ရောမသြဝါဒစာ ၅း၁၉
(ဧဒင်ဥယျာဉ်မှ နှင်ထုတ်ခံရခြင်း)
အာဒံနှင့်ဧဝတို့နှစ်ဦးဟာ သာယာလှပသော ဥယျာဉ်ကြီးထဲမှာ ဘယ်လောက်ကြာကြာနေထိုင်ခွင့်
တကယ်တော့ အာဒံနှင့်ဧဝ တို့နှစ်ဦးစလုံးသည် ဘုရားသခင်၏စကားကို အစဉ်အမြဲ နားထောင် တတ်ရန် သင်ယူဘို့ လိုအပ်ပါတယ်။ “ထာဝရဘုရားသခင်ကလည်း ကောင်းမကောင်းကို သိကျွမ်းရာအပင်မှတစ်ပါး ထိုဥယျာဉ်၌ ရှိသမျှ အပင်တို့၏အသီးကို သင်စားရသောအခွင့်ရှိ၏။ ထိုအပင်၏အသီးကိုကား မစားရ။ စားသောနေ့တွင် ဧကန်အမှန်သေရမည်။” ဟု သူတို့နှစ်ဦးကို မိန့်တော်မူခဲ့တယ်။
ထာဝရဘုရားသခင် ဖန်ဆင်းခဲ့တဲ့ တိရစ္ဆာန်များတွင် မြွေလည်း ပါဝင်ခဲ့တယ်။ ကျွန်ုပ်တို့အား အပြစ်လုပ်ရန် အစဉ်အမြဲသွေးဆောင်လေ့ရှိသူ စာတန်သည် မြွေယောင်ဆောင်၍ ဧဝအား အပြစ်လုပ်ရန် သွေးဆောင်တော့တာပဲ။ မြွေက ဧဝကို “သင်တို့သည် ဧကန်အမှန်သေရမည်မဟုတ်။ အကြောင်းမူကား၊ ထိုအသီးကို စားသောနေ့၌ သင်တို့သည် မျက်စိပွင့်လင်းလျက်၊ ကောင်းမကောင်းကို သိ၍ ဘုရားသခင်ကဲ့သို့ ဖြစ်ကြလတ္တံသည်ကို ဘုရားသခင် သိတော်မူစည်” ဟု မိန်းမအား ဆိုခဲ့တယ်။
ဧဝဟာ မြွေရဲ့စကားကို နားထောင်လိုက်တယ်။ ထိုအသီးကို ကြည့်ပြီး တော်တော် အရသာ ရှိမယ့်ပုံစံပဲလို့ တွေးရင်း ဒီအသီးကိုစားရရင် ဉာဏ်ပညာတိုးပွားလာမယ်လို့ တထစ်ချ ယုံကြည်လိုက်တယ်။ ဘုရားသခင်ရဲ့ စကားကို ဂရုမစိုက်ဘဲ အသီးကို ခူးစားလိုက်တယ်။ အာဒံကိုလည်း တချို့တဝက်ကို ပေးပြီး စားစေတယ်။ အဲဒီညနေမှာ ဘုရားသခင် ကြွလာတော်မူသော အသံကို ကြားရပေမယ့်လည်း အရင်လို မတွေ့ရဲဘဲ ကြောက်ကြောက်နဲ့ ပုန်းရှောင်ဖို့ ကြိုးစားခဲ့ကြတယ်။
သူတို့ရဲ့ မနာခံမှုကြောင့် ဘုရားသခင်က ဧဝ ကို “သင်၌ ကိုယ်ဝန်ဆောင်ရခြင်းဝေဒနာကိ
အာဒံနှင့်ဧဝ တို့ဟာ သူတို့ပျော်ရွှင်စွာ နေထိုင်ခဲ့ကြတဲ့ ဥယျာဉ်ကြီးထဲမှာ ဆက်ပြီးနေထိုင်ခွင့်မရှိတော
ကမ္ဘာဦးကျမ်း ၃
“အကြောင်းမူကား တစ်ယောက်သောသူသည် နားမထောင်သောအားဖြင့် လူများတို့သည် အပြစ်ရောက်သည့်နည်းတူ၊ တစ်ယောက်သောသူသည် နားထောင်သောအားဖြင့် လူများတို့သည် ဖြောင့်မတ်ရာသို့ ရောက်ရကြ၏။” - ရောမသြဝါဒစာ ၅း၁၉
Sunday, March 10, 2013

အာဒံနှင့်ဧဝ
(ပထမဦးဆုံးလူသားနှင့် အသက်ရှင်သူအပေါင်းတို့၏အမိ)
ဖန်ဆင်းခြင်း၏ ဆဌမနေ့မှာတော့ ဘုရားသခင်ဖန်ဆင်းထားသော ကမ္ဘာကြီးသည် ရှုမငြီးဖွယ် တင့်တယ်လှပနေပြီ ဖြစ်တယ်။ မြက်ခင်းပြင်ကြီးများ စိမ်းလန်းနေကြပြီး၊ ပန်းပေါင်းစုံဖူးပွင့်ဝေဆာ ကာ ကျေးငှက် တိရစ္ဆာန်တို့၏ အော်မြည်သံများ ကလည်း သစ်တောများတလျှောက် ရိုက်ခတ် လျက်ရှိတယ်။
သို့သော် ကမ္ဘာကြီးပေါ်၌ လူဟူ၍ မရှိသေးပါ။ ထို့အတူ အိမ်များ၊ ယာတောစိုက်ခင်းများနှင့် မြို့များလည်း မရှိသေးသော အချိန်ကာလဖြစ်တယ်။ သစ်ပင်အောက်၌ ဆော့ကစားနေသော ကလေးများကိုလည်း မတွေ့ရပေ။ ကမ္ဘာကြီးကတော့ လူယောက်ျားနှင့် လူမိန်းမတို့ ဝမ်းမြောက်စွာ နေထိုင်ဖို့ရန် အသင့် ဖြစ်နေပြီ ဖြစ်တယ်။
“တဖန် ဘုရားသခင်က ငါတို့ ပုံသဏ္ဌာန်နှင့်တညီ တသဏ္ဌာန်တည်း လူကို ဖန်ဆင်းကြစို့။ သူသည် ဝိညာဉ်ကို ပိုင်ဆိုင်ပြီး ပင်လယ်ငါးတို့ကို၎င်း၊ မိုဃ်းကောင်းကင်ငှက်တို့ကို ၎င်း၊ သားယဉ်တို့ကို၎င်း၊ မြေတစ်ပြင်လုံးနှင့်တကွ မြေပေါ်မှာတွားတတ်သော တိရစ္ဆာန်အပေါင်းတို့ကို၎င်း အုပ်စိုးစေဟု အမိန့်တော်ရှိ၏။”
အဲဒီနောက် ဘုရားသခင်သည် မြေမှုန့်ကို ယူ၍ လူကို ပုံသွင်းပြီး သူ၏ နှာခေါင်းထဲသို့ ဇီဝအသက်ကို မှုတ်သွင်းတယ်။ ပြီးတဲ့အခါ လူဟာ အသက်ရှင်သော သတ္တဝါအဖြစ်သို့ ရောက်လာတယ်။ ထိုပထမဦးဆုံး လူသားကို ဘုရားသခင်သည် အာဒံဟု အမည်နာမပေးတော်မူတယ်။
လူသားအတွက် နေစရာအိမ်အဘို့အလို့ငှာ ဘုရားသခင်သည် ဧဒင် အမည်ရှိသော ဥယျာဉ်ကို ပြုစုပြီး လူကို နေရာချတော်မူတယ်။ အာဒံ၏ တာဝန်မှာ ဧဒင်ဥယျာဉ်အား ထိန်းသိမ်းစောင့်ရှောက်ရန်ပ င်ဖြစ်တယ်။ ဘုရားသခင်သည် သူဖန်ဆင်းထားသော တိရစ္ဆာန်များအားလုံးကို အာဒံရှိရာသို့ ခေါ်ဆောင်လာကာ အာဒံအား စိတ်ကြိုက်နာမည်ပေးစေခဲ့တယ် ။ ထိုအခါမှ အာဒံသည် တိရစ္ဆာန်များတွင် အဖိုနှင့်အမ နှစ်မျိုးရှိကြောင်းကို သတိပြုမိတော့တယ်။
တကယ်တော့ အလွန်လှပပြီး လိုလေသေးမရှိအောင် ပြည့်စုံတဲ့ဤဥယျာဉ်ကြီးထဲမှာ
အာဒံအတွက် သင့်တော်သော အဖော်မရှိသေးပါ။ ထို့ကြောင့် “ထာဝရဘုရားသခင်ကလည်း
ယောက်ျားသည် တစ်ယောက်တည်း မနေကောင်း၊ သူနှင့်တော်သော အထောက်အမကို သူ့အဘို့
ငါလုပ်ဦးမည်ဟု အကြံရှိတော်မူ၏။”
ဘုရားသခင်သည် အာဒံအား ကြီးစွာသော အိပ်ခြင်းနှင့် အိပ်စေတော်မူပြီး သူ၏ ကိုယ်မှ နံရိုးတစ်ချောင်းကို ထုတ်၍ လူမိန်းမအား ဖန်ဆင်းတော်မူတယ်။ အာဒံက သူမအား ဧဝ လို့ အမည်ပေးခဲ့တယ်။ သူတို့နှစ်ဦးဟာ ချစ်ချစ်ခင်ခင်၊ ကြင်ကြင်နာနာနဲ့ ဘုရားသခင်နေရာချထားတဲ့ ဤဥယျာဉ်ကြီးထဲမှာ ပျော်ရွှင်စွာနေထိုင် ခဲ့ကြတယ်။
ကမ္ဘာဦးကျမ်း ၁း၂၆၊ ၂
“အကျွန်ုပ်သည် ကြောက်မက်ဖွယ်သောလက္ခဏာ၊ ထူးဆန်းသောလက္ခဏာတို့နှင့် ပြည့်စုံသည်ဖြစ်၍၊ ကိုယ်တော်ကို ချီးမွမ်းပါသည်။” - ဆာလံကျမ်း ၁၃၉း၁၄
(ပထမဦးဆုံးလူသားနှင့် အသက်ရှင်သူအပေါင်းတို့၏အမိ)
ဖန်ဆင်းခြင်း၏ ဆဌမနေ့မှာတော့ ဘုရားသခင်ဖန်ဆင်းထားသော ကမ္ဘာကြီးသည် ရှုမငြီးဖွယ် တင့်တယ်လှပနေပြီ ဖြစ်တယ်။ မြက်ခင်းပြင်ကြီးများ စိမ်းလန်းနေကြပြီး၊ ပန်းပေါင်းစုံဖူးပွင့်ဝေဆာ ကာ ကျေးငှက် တိရစ္ဆာန်တို့၏ အော်မြည်သံများ ကလည်း သစ်တောများတလျှောက် ရိုက်ခတ် လျက်ရှိတယ်။
သို့သော် ကမ္ဘာကြီးပေါ်၌ လူဟူ၍ မရှိသေးပါ။ ထို့အတူ အိမ်များ၊ ယာတောစိုက်ခင်းများနှင့် မြို့များလည်း မရှိသေးသော အချိန်ကာလဖြစ်တယ်။ သစ်ပင်အောက်၌ ဆော့ကစားနေသော ကလေးများကိုလည်း မတွေ့ရပေ။ ကမ္ဘာကြီးကတော့ လူယောက်ျားနှင့် လူမိန်းမတို့ ဝမ်းမြောက်စွာ နေထိုင်ဖို့ရန် အသင့် ဖြစ်နေပြီ ဖြစ်တယ်။
“တဖန် ဘုရားသခင်က ငါတို့ ပုံသဏ္ဌာန်နှင့်တညီ တသဏ္ဌာန်တည်း လူကို ဖန်ဆင်းကြစို့။ သူသည် ဝိညာဉ်ကို ပိုင်ဆိုင်ပြီး ပင်လယ်ငါးတို့ကို၎င်း၊ မိုဃ်းကောင်းကင်ငှက်တို့ကို
အဲဒီနောက် ဘုရားသခင်သည် မြေမှုန့်ကို ယူ၍ လူကို ပုံသွင်းပြီး သူ၏ နှာခေါင်းထဲသို့ ဇီဝအသက်ကို မှုတ်သွင်းတယ်။ ပြီးတဲ့အခါ လူဟာ အသက်ရှင်သော သတ္တဝါအဖြစ်သို့ ရောက်လာတယ်။ ထိုပထမဦးဆုံး လူသားကို ဘုရားသခင်သည် အာဒံဟု အမည်နာမပေးတော်မူတယ်။
လူသားအတွက် နေစရာအိမ်အဘို့အလို့ငှာ ဘုရားသခင်သည် ဧဒင် အမည်ရှိသော ဥယျာဉ်ကို ပြုစုပြီး လူကို နေရာချတော်မူတယ်။ အာဒံ၏ တာဝန်မှာ ဧဒင်ဥယျာဉ်အား ထိန်းသိမ်းစောင့်ရှောက်ရန်ပ
တကယ်တော့ အလွန်လှပပြီး လိုလေသေးမရှိအောင် ပြည့်စုံတဲ့ဤဥယျာဉ်ကြီးထဲမှ
ဘုရားသခင်သည် အာဒံအား ကြီးစွာသော အိပ်ခြင်းနှင့် အိပ်စေတော်မူပြီး သူ၏ ကိုယ်မှ နံရိုးတစ်ချောင်းကို ထုတ်၍ လူမိန်းမအား ဖန်ဆင်းတော်မူတယ်။ အာဒံက သူမအား ဧဝ လို့ အမည်ပေးခဲ့တယ်။ သူတို့နှစ်ဦးဟာ ချစ်ချစ်ခင်ခင်၊ ကြင်ကြင်နာနာနဲ့ ဘုရားသခင်နေရာချထားတဲ့ ဤဥယျာဉ်ကြီးထဲမှာ ပျော်ရွှင်စွာနေထိုင် ခဲ့ကြတယ
ကမ္ဘာဦးကျမ်း ၁း၂၆၊ ၂
“အကျွန်ုပ်သည် ကြောက်မက်ဖွယ်သောလက္ခဏာ၊ ထူးဆန်းသောလက္ခဏာတို့နှင့် ပြည့်စုံသည်ဖြစ်၍၊ ကိုယ်တော်ကို ချီးမွမ်းပါသည်။” - ဆာလံကျမ်း ၁၃၉း၁၄
Saturday, March 9, 2013

ဘုရားသခင်၏ အံ့သြဖွယ်ဖန်ဆင်းခြင်း
(အစအဦး)
သမ္မာကျမ်းစာကို ဘုရားသခင်၌သာ အစပြုထားပါတယ်။ ဘုရားသခင်ဟာ အထက်အရပ်ရှိ လှပသော ကောင်းကင်ဘုံကို ဖန်ဆင်းခဲ့သလို၊ ကျွန်ုပ်တို့နေထိုင်ဖို့အတွ က်လည်း ကမ္ဘာမြေကြီးကို ဖန်ဆင်းပေးခဲ့ပါတယ်။ တစ်ချိန်တုန်းက တစ်လောကလုံးအမှောင်ဖုံးပြီး ၊ ကျေးငှက်၊ တိရစ္ဆာန်တွေလည်းမရှိ၊ ကလေးငယ်တွေရဲ့ ရယ်မောသံတွေလည်း မရှိတဲ့ ကာလတစ်ခု ရှိခဲ့ဖူးတယ်။
ဒီအချိန်မှာပဲ အလင်းဖြစ်စေဖို့၊ အမိန့်ပေးသံတစ်ခု ထွက်ပေါ်လာတယ်။ ချက်ခြင်းဆိုသလို အလင်း ဖြစ်ပေါ်လာတယ်။ ဘုရားသခင်က အလင်းနဲ့ အမှောင်ကို ခွဲခြားလိုက်ပြီး အလင်းကို နေ့၊ အမှောင်ကို ည ဆိုပြီး နာမည်သတ်မှတ်ပေးလိုက်တယ်။ ဒါတွေဟာ ဖန်ဆင်းခြင်းရဲ့ ပထမဦးဆုံးနေ့မှာ ဖြစ်တယ်။
ဒုတိယနေ့မှာတော့ ဘုရားသခင်က သာယာလှပတဲ့ ကမ္ဘာကြီးကို ဖန်ဆင်းတဲ့လုပ်ငန်းကြီးကို စတင် လိုက်ပါတယ်။ မိုးကောင်ကင်နဲ့ ရေကို သတ်သတ်စီခွဲထုတ်ပစ်လိုက်တယ် ။ ဒီတစ်ခါမှာ တိမ်တောင်၊ တိမ်တိုက်တွေနဲ့ အပြာရောင် မိုးကောင်ကင်ကြီး ပေါ်ထွက်လာတယ်။
တတိယနေ့မှာ ဘုရားသခင်က ကုန်းမြေကို ပေါ်စေပြီး၊ ရေများကို ပင်လယ်၊ မြစ်ချောင်းများ အဖြစ် ပြောင်းလဲ စုစည်းပြီး စီးဆင်းစေခဲ့တယ်။ လွင်ပြင်၊ တောင်ကုန်း၊ တောင်တန်းများကိုလည်း မြက်ပင်၊ ပန်းပင်၊ စပျစ်ပင်၊ သစ်ပင်များနဲ့ ပြည့်စေတယ်။ သရက်သီး၊ ပန်းသီး၊ လိမ္မော်သီး၊ စပျစ်သီးနဲ့ ဒူးရင်းသီးများကိုလည်း သစ်ပင်များနဲ့ ချုံပင်များတို့၌ သီးစေတော်မူတယ်။
စတုတ္ထနေ့မှာတော့ နေ့ ဟု ခေါ်ဝေါ်သည့် ဝါဝင်းတောက်ပသော အလင်းအိမ်ကြီးကို ကောင်းကင်မှာ ချိတ်ဆွဲလိုက်တယ်။ ညနေပိုင်းမှာတော့ ကြည်လင်လင်းလက်သည့် လ နဲ့တကွ မြောက်မြားလှစွာသော ကြယ်တို့ကိုလည်း အတန်းလိုက်နေရာချတော်မူတယ်။
ပဉ္စမမြောက်နေ့မှာတော့ နေရာတိုင်းမှာ ဝက်ဝက်ကွဲဆူညံနေတယ်။ ဘုရားသခင် ဒီနေ့မှာတော့ ဘာများ ဖန်ဆင်းမိပါလိမ့်။ ဒီနေ့မှာတော့ မိုးကောင်ကင်အပြည့် ပျံသန်းနေသော ငှက်များနဲ့ ရေမှာကူးခတ်နေသော ငါးများကို ဖန်ဆင်းတော်မူတယ်။ ဖန်ဆင်းရာမှာလည်း အရောင်စုံ၊ အရွယ်အစားမျိုးစုံနှင့် ပုံစံမျိုးစုံ ဖန်ဆင်းတော်မူတယ်။ ဝေလငါး၊ ရွှေငါး၊ ဘဲငန်း၊ ငှက်ကုလားအုတ်နဲ့ ကြိုးကြာငှက်တို့ဟာ ဘုရားသခင်၏ ဖန်ဆင်းခြင်းလက်ရာများအထဲက အချို့သာ ဖြစ်တယ်။
သားယဉ် သားရဲများနှင့် တွားသွားတတ်သော သတ္တဝါမျိုးစုံတို့ကို များပြားစွာ မွေးဖွားပေးစေဟု အမိန့်တော် ရှိသည့်အတိုင်း ဆဌမနေ့၌ များပြားစွာ မွေးဖွားကြကုန်တယ်။ နွားများ၊ မြင်းများ၊ သိုးများ၊ ခွေးများ၊ ကြောင်များကို ခြင်္သေ့၊ ကျား၊ ဝက်ဝံ၊ ယုန်တို့နှင့်အတူ ဖန်ဆင်းတော်မူတယ်။ ဒါဟာ ဆဌမနေ့မှာ ဘုရားသခင်ဖန်ဆင်းမဲ့ ပထမဦးဆုံးလူသားအတွက် အလွန်ထူးခြားသော မွေးနေ့လက်ဆောင် ပင်ဖြစ်တယ်။ ထိုသူ၏ အမည်ကို သင်သိပါသလား။ နောက်လာမည့် အခန်းမှာတော့ သူ့အကြောင်းကို သင် ဖတ်ရှုရမှာပါ။
သတ္တမနေ့မှာတော့ ဘုရားသခင်ဟာ ဖန်ဆင်းတော်မူသော အရာများတို့ကို ပြီးစီးပြီးဖြစ်သည့်အတွက် ငြိမ်ဝပ်စွာ နေတော်မူတယ်။ သန့်ရှင်းတဲ့နေ့လို့လည်း မှည့်ခေါ်ခဲ့တယ်။
ကမ္ဘာဦးကျမ်း ၁၊ ၂း ၁၃
“ယခုမြင်ရသောအရာတို့သည် အရင်က ထင်ရှားသောအရာထဲက မဖြစ်ဘဲ၊ လောကဓါတ်တို့သည် ဘုရားသခင်၏ အမိန့်တော်ကြောင့်သာ တည်သည်ကို ငါတို့သည် ယုံကြည်ခြင်းအားဖြင့် သိကြ၏။” - ဟေဗြဲသြဝါဒစာ ၁၁း၃
(အစအဦး)
သမ္မာကျမ်းစာကို ဘုရားသခင်၌သာ အစပြုထားပါတယ်။ ဘုရားသခင်ဟာ အထက်အရပ်ရှိ လှပသော ကောင်းကင်ဘုံကို ဖန်ဆင်းခဲ့သလို၊ ကျွန်ုပ်တို့နေထိုင်ဖို့အတွ
ဒီအချိန်မှာပဲ အလင်းဖြစ်စေဖို့၊ အမိန့်ပေးသံတစ်ခု ထွက်ပေါ်လာတယ်။ ချက်ခြင်းဆိုသလို အလင်း ဖြစ်ပေါ်လာတယ်။ ဘုရားသခင်က အလင်းနဲ့ အမှောင်ကို ခွဲခြားလိုက်ပြီး အလင်းကို နေ့၊ အမှောင်ကို ည ဆိုပြီး နာမည်သတ်မှတ်ပေးလိုက်တယ်။ ဒါတွေဟာ ဖန်ဆင်းခြင်းရဲ့ ပထမဦးဆုံးနေ့မှာ ဖြစ်တယ်။
ဒုတိယနေ့မှာတော့ ဘုရားသခင်က သာယာလှပတဲ့ ကမ္ဘာကြီးကို ဖန်ဆင်းတဲ့လုပ်ငန်းကြီးကို စတင် လိုက်ပါတယ်။ မိုးကောင်ကင်နဲ့ ရေကို သတ်သတ်စီခွဲထုတ်ပစ်လိုက်တယ်
တတိယနေ့မှာ ဘုရားသခင်က ကုန်းမြေကို ပေါ်စေပြီး၊ ရေများကို ပင်လယ်၊ မြစ်ချောင်းများ အဖြစ် ပြောင်းလဲ စုစည်းပြီး စီးဆင်းစေခဲ့တယ်။ လွင်ပြင်၊ တောင်ကုန်း၊ တောင်တန်းများကိုလည်း မြက်ပင်၊ ပန်းပင်၊ စပျစ်ပင်၊ သစ်ပင်များနဲ့ ပြည့်စေတယ်။ သရက်သီး၊ ပန်းသီး၊ လိမ္မော်သီး၊ စပျစ်သီးနဲ့ ဒူးရင်းသီးများကိုလည်း သစ်ပင်များနဲ့ ချုံပင်များတို့၌ သီးစေတော်မူတယ်။
စတုတ္ထနေ့မှာတော့ နေ့ ဟု ခေါ်ဝေါ်သည့် ဝါဝင်းတောက်ပသော အလင်းအိမ်ကြီးကို ကောင်းကင်မှာ ချိတ်ဆွဲလိုက်တယ်။ ညနေပိုင်းမှာတော့ ကြည်လင်လင်းလက်သည့် လ နဲ့တကွ မြောက်မြားလှစွာသော ကြယ်တို့ကိုလည်း အတန်းလိုက်နေရာချတော်မူတယ်။
ပဉ္စမမြောက်နေ့မှာတော့ နေရာတိုင်းမှာ ဝက်ဝက်ကွဲဆူညံနေတယ်။ ဘုရားသခင် ဒီနေ့မှာတော့ ဘာများ ဖန်ဆင်းမိပါလိမ့်။ ဒီနေ့မှာတော့ မိုးကောင်ကင်အပြည့် ပျံသန်းနေသော ငှက်များနဲ့ ရေမှာကူးခတ်နေသော ငါးများကို ဖန်ဆင်းတော်မူတယ်။ ဖန်ဆင်းရာမှာလည်း အရောင်စုံ၊ အရွယ်အစားမျိုးစုံနှင့် ပုံစံမျိုးစုံ ဖန်ဆင်းတော်မူတယ်။ ဝေလငါး၊ ရွှေငါး၊ ဘဲငန်း၊ ငှက်ကုလားအုတ်နဲ့ ကြိုးကြာငှက်တို့ဟာ ဘုရားသခင်၏ ဖန်ဆင်းခြင်းလက်ရာများအထဲက အချို့သာ ဖြစ်တယ်။
သားယဉ် သားရဲများနှင့် တွားသွားတတ်သော သတ္တဝါမျိုးစုံတို့ကို များပြားစွာ မွေးဖွားပေးစေဟု အမိန့်တော် ရှိသည့်အတိုင်း ဆဌမနေ့၌ များပြားစွာ မွေးဖွားကြကုန်တယ်။ နွားများ၊ မြင်းများ၊ သိုးများ၊ ခွေးများ၊ ကြောင်များကို ခြင်္သေ့၊ ကျား၊ ဝက်ဝံ၊ ယုန်တို့နှင့်အတူ ဖန်ဆင်းတော်မူတယ်။ ဒါဟာ ဆဌမနေ့မှာ ဘုရားသခင်ဖန်ဆင်းမဲ့ ပထမဦးဆုံးလူသားအတွက် အလွန်ထူးခြားသော မွေးနေ့လက်ဆောင် ပင်ဖြစ်တယ်။
သတ္တမနေ့မှာတော့ ဘုရားသခင်ဟာ ဖန်ဆင်းတော်မူသော အရာများတို့ကို ပြီးစီးပြီးဖြစ်သည့်အတွက် ငြိမ်ဝပ်စွာ နေတော်မူတယ်။ သန့်ရှင်းတဲ့နေ့လို့လည်း မှည့်ခေါ်ခဲ့တယ်။
ကမ္ဘာဦးကျမ်း ၁၊ ၂း ၁၃
“ယခုမြင်ရသောအရာတို့သည် အရင်က ထင်ရှားသောအရာထဲက မဖြစ်ဘဲ၊ လောကဓါတ်တို့သည် ဘုရားသခင်၏ အမိန့်တော်ကြောင့်သာ တည်သည်ကို ငါတို့သည် ယုံကြည်ခြင်းအားဖြင့် သိကြ၏။” - ဟေဗြဲသြဝါဒစာ ၁၁း၃
Friday, March 8, 2013

သိုးသူငယ်ကဲ့သို့ ကျိုးပဲ့ကြေမွနှိမ့်ချသောစိ
• ဝိညာဉ်တော်အုပ်ထိန်းမှုကို ခံယူသူသည် ယစ်မူးသောအရာ၊ ဒုစရိုက်အမူအကျင့်များကို ရှောင်ပြီး၊ ဝိညာဉ်တော်၏ ဆုံးမ သွေးဆောင်မှုကိုသာ ခံယူသည်။ (ဧဖက်၊ ၅း၃၊ ၄၊ ၁၈)။
• ဆာလံဓမ္မသီချင်းအမျိုးမျိုးက
• အကောင်းအဆိုး မခွဲခြားဘဲ အခြေအနေအမျိုးမျိုး၌၊ အရာရာအတွက်၊ သခင်ယေရှုနာမ၌ ကျေးဇူးတော်ကို ချီးမွမ်းပြီး ခမည်းတော်၏ အလိုတော်ကို ဝန်ခံ၍ ဂုဏ်တော်ကို ချီးမွမ်းနေတတ်ပါသည်။
• ဝိညာဉ်တော်အုပ်ထိန်းခွင့်ပေ
• ကျေးဇူးတရားကို သိရှိ ခံစားလာရသည်နှင့်အမျှ၊ သူတပါးအပေါ် ခွင့်လွှတ်သည်းခံနိုင်စွမ်း တိုးမြှင့်လာတတ်ပါသည်။ (ဧဖက်၊ ၄း၃၂)။
• ညည်းငြူမြည်တမ်းခြင်းအစား၊ အလိုတော်ကို ဝန်ခံလျက်၊ ကျေးဇူးတော် ချီးမွမ်းလာတတ်ပါသည်။
• ဝိညာဉ်တော်အုပ်ထိန်းသူသည် နှုတ်လျှာကို ထိန်းတတ်လာပါသည်။ (ဧဖက်၊ ၄း၂၉-၃၁)။
• အခြားအရာများ၊ လူပုဂ္ဂိုလ်များထက် သခင်ယေရှု၏ နှုတ်တော်ထွက်စကားကို အလေးထား၊ အကြွင်းမဲ့ ခံယူလာပြီး ပုဂ္ဂိုလ်တော်မြတ်နှင့် မိဿဟယဖွဲ့လျက် ချီးမွမ်းကိုးကွယ်နေရခြင်း၌
သင့်အားဖြင့် ထာဝရဘုရားသခင် ဘုန်းတော်ထင်ရှားပါစေသောဝ်။
(ဆရာတော် ဦးယောသပ် ၏ ဒေသနာမှ ကောက်နုတ်ချက်)
Subscribe to:
Posts (Atom)