Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Sunday, January 13, 2013

အတုတွေကို ငါမုန်းတယ်

အတုတွေကို ငါမုန်းတယ်
ကွယ်ရာမှာ အတင်းအုပ်တဲ့
အတုတွေကို ငါမုန်းတယ်။

လိုအပ်နေတဲ့ ကူညီမှုကို လျစ်လျူရှု
အကျိုးမဲ့ရင် ဥပေက္ခာပြုတဲ့
အတုတွေကို ငါမုန်းတယ်။

ကိုယ်လိုတာရဖို့ ပရိယာယ်ဆင်
စကားလုံးတွေကို ပျားရည်လိမ်းလို့
သူ့ကို မြှောက်ပင့် အမြင့်တင်တဲ့
အတုတွေကို ငါမုန်းတယ်။

ကိုယ့်ကိုကိုယ် အကာယူဖို့
ဆင်ခြင်တွေ ဗရပွသုံး
အရှက်မဲ့ အပြုံးတွေနဲ့
အတုတွေကို ငါမုန်းတယ်။

မနာလိုဝန်တိုစိတ်တွေကို ဖုံးအုပ်
ဟန်ဆောင်လောကွတ်လုပ်နေတဲ့
အတုတွေကို ငါမုန်းတယ်။

ခင်မင်မှုကို ခုတုံးလုပ်ပြီး
ပါးစပ်အခွင့်အရေးယူတတ်တဲ့
အတုတွေကို ငါမုန်းတယ်။

ဒီလိုလူတွေကြားမှာ နေသားကျနေခဲ့တဲ့
ငါ့ကိုယ်ငါလည်း မုန်းတယ်။

မိုးခါး

Credit: YIC Newsletter မှ ကောက်နုတ်ဖော်ပြပါသည်။