Tuesday, February 5, 2013

နောက်ဆုံးသောကာလ နိမိတ်ပုပ္ပများ

ရှေးရှေးက တပည့်တော်များလည်း စိတ်ဝင်စား၍ "ကိုယ်တော်သည် ကြွလာ၍ ဤကပ်ကမ္ဘာကုန်သော ပုပ္ပနိမိတ်သည် အဘယ်နိမိတ်ဖြစ်မည်ကိုလည်းကောင်း အမိန့်ရှိတော်မူပါ..." ဟု ပူဆာခဲ့ကြပါသည်။ စင်စစ် နောက်ဆုံးသောကာလကို ကျွန်တော်တို့သည် နိမိတ်လက္ခဏာအားဖြင့်သာ သိနိုင်ပါသည်။

အောက်ပါအချက် နိမိတ်ပုပ္ပများက နောက်ဆုံးသောကာလကို ဖော်ပြလျက် ရှိပါ၏။
(၁) လေ့လာသင်ကြားမှု အလွန်တိုးပွားခြင်း။ (ဒံ၊ ၁၂း၎။ မ၊ ၂၄း၁၄)
(၂) သဘာဝဘေးဒုက္ခများ အလွန်များပြားခြင်း။ (မ၊ ၂၄း၇။ လု၊ ၂၁း၂၆)
(၃) ဆိုးယုတ်မှု တိုးပွားပြီး စစ်မက်အင်္ဂါ ထူပြောခြင်း။ (၂တိ၊ ၃း၁-၁၃။ မ၊ ၂၄း၆)
(၄) လိင်တူဆက်ဆံမှု အနှံ့အပြားဖြစ်ပွားခြင်း။ (လု၊ ၁၇း၂၈-၃၀)
(၅) စစ်မှန်သော ယုံကြည်ခြင်းကို စွန့်ပယ်သူများပြားခြင်း။ (၂သက်၊ ၂း၂-၃)
(၆) ခရစ်ယာန်များကို ညှဉ်းပန်းနှိပ်စက်မှုတိုးပွားခြင်း။ (မ၊ ၂၄း၉-၁၀) 
စသည်တို့ ဖြစ်ပါသည်။

သခင်ယေရှုက ထိုအကြောင်းအရာအလုံးစုံကို မြင်ရလျှင် လူသားသည် ရောက်လုနီးသည်ကို သိမှတ်ကြလော့ဟု မိန့်တော်မူခဲ့ပါသည်။ ဖော်ပြခဲ့သော နိမိတ်များသည် ယခုအခါ အတော်ပင် ပြည့်စုံလာတာကိုး။


Credit: ဆိုး ပြုစုသည့် ညစဉ်ခွန်အား မှ ကောက်နုတ်ဖော်ပြပါသည်။

0 comments:

Post a Comment