Sunday, February 17, 2013

သင့်ဆုတောင်းသံ နားထောင်ပြင်ဆင်သော ဘုရားရှင် (၃)

ကျွန်မမှာ (၂) နှစ်အတွင်း အကြွေးသိန်း (၁၀၀) ကျော် ရှိပါတယ်။ အကြွေးက အရေးတကြီးပေးရမှာ မဟုတ်တဲ့အပြင် သိန်း (၁၀၀) ကျော်ချေးပေးတဲ့ အစ်မလို ခင်မင်တဲ့မိတ်တွေရဲ့ ယုံကြည်မှုကို ရခဲ့တာလည်း ကျေးဇူးတော်ဖြစ်ပါတယ်။ အကြွေးကြေဖို့ တိုက်ခန်းရောင်းရင်တောင် မကြေပါဘူး။ တိုက်ဟောင်းဖြစ်နေလို့ ဈေးမရတဲ့အချိန်မှာ တိုက်သစ်ပြန်ဆောက်ဖို့ ဖြစ်လာပေမဲ့ ကြိုပြီး ရောင်းရင်လည်း အရစ်ကျ ဖြစ်ပြန်တယ်။

ဝယ်သူလာတဲ့အခါ နှစ်ပုံပေးပြီး တစ်ပုံချန်ပြန်တယ်။ ဘုရားသခင်အလိုတော်ရှိရင် အရစ်ကျလည်း မဟုတ်ဘဲ တစ်ပတ်အတွင်း အမြန်ရောင်းရပြီး ငွေအကြေရဖို့ ဘုရားသခင်ထံတော်မှာ ဆုတောင်းခဲ့ပါတယ်။ အံ့သြဖွယ်ရာ ဘုရားသခင်က အဖြေပေးခဲ့ပါတယ်။ လိုချင်တဲ့ဈေးထက် (၁၅) သိန်း ပိုရတဲ့အပြင် အရစ်ကျလည်း မဟုတ်တဲ့အတွက် ဆုတောင်းသံကို နားညောင်းပြီး အံ့သြဖွယ် အဖြေပေးတဲ့ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းရင်း သက်သေခံပါတယ်။

ဒေါ်ယေ့နပ် (ခေါ်) သောင်းသောင်း

0 comments:

Post a Comment