Wednesday, February 20, 2013

သင့်ဆုတောင်းသံ နားထောင်ပြင်ဆင်သော ဘုရားရှင် (၄)

ရှေးဦးစွာ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။ ကျွန်မရဲ့ ဒူးခေါင်းက အရမ်းနာတဲ့အတွက် လမ်းလုံးဝ လျှောက်လို့ မရပါဘူး။ လမ်းသွားရင်လည်းပဲ ခွင်ခွင်ပြီး လဲကျပါတယ်။ တနင်္ဂနွေနေ့ ဘုရားကျောင်းရောက်တဲ့အခါ ရှေ့ထွက်ပြီး ဆီလူးဆုတောင်းခံပါတယ်။ အိမ်မှာလည်း ဆုတောင်းပါတယ်။ လုံးဝပျောက်သွားရင် ဘုရားရှေ့ လူရှေ့မှာ သက်သေခံမယ်လို့လည်း ဘုရားသခင်ကို ကတိပေးထားပါတယ်။

အခုဆိုရင် လမ်းလုံးဝလျှောက်လို့ ရသွားပါပြီ။ ဆုတောင်းသံကို နားညောင်းပြီး အံ့သြဖွယ် အဖြေပေးတဲ့ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းရင်း သက်သေခံပါတယ်။

ဒေါ်မြင့်မြင့်အုန်း (ရွှေပြည်သာ)

0 comments:

Post a Comment