Monday, December 17, 2012

Port Life ဘုရားရှိခိုးကျောင်းမှ မန်းလမ်းဘေးကလေးငယ်များအတွက် ဂေဟာနောက်တစ်ခု ဆောက်မည်

သြစတြေးလျနိုင်ငံရှိ Port Life ခရစ်ယာန်ဘုရားရှိခိုးကျောင်းမှ လာမည့် ၂၀၁၃ ခုနှစ်တွင် မန္တလေးမြို့ရှိ လမ်းဘေးကလေးများအတွက် ဂေဟာနှစ်ခု ဆောက်လုပ်လှူဒါန်းမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံထုတ် Bernama သတင်းတွင် ဖော်ပြထားသည်။

သီးနှံစိုက်ခင်းနှင့် ကစားကွင်းများပါဝင်မည်ဖြစ်သော ကလေးသူငယ် (၁၀) ဦးစောင့်ရှောက်နိုင် သည့် ဂေဟာများအတွက်  မန္တလေးရှိ မြေကွက်များ ဝယ်ယူရန် Port Life ဘုရားရှိခိုးကျောင်းမှ အမေရိကန်ဒေါ်လာ ၉၀၀၉၃ ကောက်ခံရရှိထားပြီးဖြစ်ကြောင်း၊ အဆောက်အဦးဆောက်လုပ်ရန်အတွက် ဒေါ်လာ ၂၈၀၀၀ ကောက်ခံရရှိပြီးဖြစ်ကြောင်း၊ အခြေအနေမဲ့ ကလေးသူငယ်များ၊ မိဘမဲ့ကလေးသူငယ်များနှင့် ပြည့်တန်ဆာများအဖြစ် လမ်းမှားမရောက်စေရန်အတွက် ထိန်းသိမ်းကြပ်မတ်ပေးနိုင်ရန် ရည်ရွယ်ဆောက်လုပ်လှူဒါန်းခြင်း ဖြစ်ကြောင်း၊ Port Life ဘုရားရှိခိုးကျောင်း မှ တရားဟောဆရာ Josh Poyzer က ပြောသည်။

Port Life ဘုရားရှိခိုးကျောင်းမှ လိုအပ်သောငွေပမာဏများကို စုဆောင်းရှာဖွေလျက်ရှိပြီး၊ ၂၀၁၃ ခုနှစ် မကုန်မီ အဆောက်အဦး ပြီးစီးအောင် ဆောက်လုပ်မည်ဖြစ်ကြောင်း သိရသည်။


Credit: ရွှေဆဌဂံ ဂျာနယ်မှ ကူးယူးဖော်ပြသည်။

0 comments:

Post a Comment