Monday, December 17, 2012

သင့်ဆုတောင်းသံ နားထောင်ပြင်ဆင်သော ဘုရားရှင် (၂)

ရှေးဦးစွာ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။ ကျွန်မရဲ့ ခင်ပွန်းဟာ (၂.၃.၂၀၁၂) ဆိုရင် သက်ပြည့်ပင်စင် ယူရမှာ ဖြစ်ပါတယ်။ ပင်စင်ယူပြီးရင် ပင်စင်လစာလေးပဲ ရှိပါတယ်။ ဒါပေမဲ့ ဘုရားသခင်က အံ့သြဖွယ်ရာ အသက်မွေးလောက်သောအစာအတွက် ပြင်ဆင်ပေးခဲ့ ပါတယ်။ (၂၀၁၁) ခုနှစ်၊ မေလက ကားလျှောက်လွှာတင်ခဲ့ပါတယ်။ ဒါပေမဲ့ ဘုရားသခင်က မမေ့ဘူး။ (၂၀၁၂) ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှာ လျှောက်ထားတဲ့ မီနီဆလွန်းကား လာထုတ်ဖို့ အကြောင်းကြားပါတယ်။ ကားဖိုးကိုလည်း ဘုရားသခင်က လုံလောက်စွာ ပြင်ဆင်ပေးပါတယ်။ သားသမီးတွေရဲ့ လိုအပ်ချက်ကို ဆုတောင်းသည့်အခါ အမြဲ နားညောင်းလျက် အဖြေပေးသော ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းရင်း သက်သေခံပါတယ်။

ဂါနိုးရာ

0 comments:

Post a Comment