Sunday, March 17, 2013
ယာကုပ်အိမ်မှထွက်ပြေးရပြီ
(ဘုရားသခင်သည် အိပ်မက်အားဖြင့် ယာကုပ်ကိုသက်သာစေသည်။)
သူ၏ ကောင်းချီးမင်္ဂလာများ ဆုံးရှုံးသွားကြောင်းသိသွားေ သာ
ဧသောဟာ အလွန်ပဲ ဒေါသ ထွက်ခဲ့တယ်။ “ငါ့အဘကြောင့် ညည်းတွားရသော
နေ့ရက်ကာလအချိန်နီးပြီ။ ထိုအခါ ငါ့ညီယာကုပ်ကို ငါသတ်မည်။” ဟု အကြံနှင့်
ပြောခဲ့တယ်။
ထိုအကြောင်းကို ရေဗက္ကကြားသောအခါ သားငယ် ယာကုပ်ကို ခေါ်၍ သင်၏ အစ်ကို ဧသောသည် သင့်ကို သတ်သဖြင့် သင့်အမှု၌ စိတ်ကို ပြေလိမ့်မည်။ သင်၏ အစ်ကို စိတ်ပြေသည်တိုင်အောင် သူ့ထံမှ ခဏရှောင်၍ နေပါလော့” ဟု သတိပေးခဲ့တယ်။
ဒါနဲ့ ယာကုပ်ဟာ အိမ်မှထွက်ခွာ၍ ခါရန်ပြည်ကို တစ်ယောက်တည်း ခရီးထွက်ခဲ့တယ်။ ဒီလိုနဲ့ တစ်ညနေ နေဝင်ချိန်မှာ ညအိပ်ရပ်နားဖို့အတွက် ပြင်ဆင်ပြီး ကျောက်တုံးများကိုယူကာ ခေါင်းအုံးပြီး အိပ်စက်အနားယူလိုက်တယ်။ အဲ့ဒီညမှာ ထူးဆန်းတဲ့ အိပ်မက်တစ်ခုကို မက်မြင်ခဲ့တယ်။ ကောင်းကင်ကနေ လှေကားကြီး တစ်ခု ကျလာတာ မြင်ရတယ်။ ကောင်းကင်တမန်များကလည်း လှေကားတစ်လျှောက်မှာ တက်လိုက်ဆင်းလိုက် လုပ်နေကြတယ်။ လှေကားရဲ့ ထိပ်ဆုံးမှာတော့ ထာဝရအရှင်ဘုရားသခင် မားမားကြီး ရပ်နေတာ မြင်တွေ့ရတယ်။ ဘုရားသခင်က ယာကုပ်အား “သင်အိပ်သောမြေကို သင်နှင့် သင်၏အမျိုးအနွယ်အား ငါပေးမည်။ သင်သွားလေရာရာ၌ ငါစောင့်မမည်။ ဤပြည်သို့ တဖန်ဆောင်ခဲ့ဦးမည်” ဟု ကတိထားတော်မူခဲ့တယ်။
မနက်လင်းတဲ့အခါမှာတော့ ယာကုပ်လည်း အိပ်ရာက နိုးလာပြီး” အကယ်စင်စစ် ထာဝရဘုရားသည် ဤအရပ်၌ ရှိတော်မူ၏။ ရှိတော်မူကြောင်းကို ငါမသိ။ ဤအရပ်ကား တခြားမဟုတ်။ ဘုရားသခင်၏ ဘုံဗိမာန်၊ ကောင်းကင်တံခါးဝ ဖြစ်သည်တကား။” ဟု ကြောက်ရွံ့ခြင်းသို့ ရောက်၍ ဆိုခဲ့တယ်။ ထို့နောက် ခေါင်းအုံးအဖစ် အသုံးပြုခဲ့သော ကျောက်တုံးကို စိုက်ထူကာ ဆီလောင်းပြီး ဘုရားသခင်အား ကျေးဇူးတော် ချီးမွမ်းခြင်း ပြုခဲ့တယ်။
ဆက်လက်၍ ခရီးထွက်ခွာခဲ့ရာ ခါရန်မြို့အနီးရှိ ရေတွင်းတစ်ခုအနားသို့ ရောက်လာခဲ့တယ်။ ရေတွင်းနားမှာ နားနေစဉ်မှာပဲ သူ့ရဲ့ ဝမ်းကွဲနှမတော်သူ ရာခေလနှင့် ပြန်လည် တွေ့ဆုံခဲ့ရတယ်။
ယာကုပ်ဟာ ရာခေလကို တွေ့တွေ့ချင်း တခဏတည်းမှာပဲ သူမကို ချစ်ခင် စွဲလန်းသွားခဲ့တယ်။ သူမကို ဇနီးမယားအဖြစ် ပိုင်ဆိုင်လိုသောစိတ်သည်လည်း အလွန်ပင် ပြင်းပြလာခဲ့တယ်။
ကမ္ဘာဦးကျမ်း၊ ၂၇း၃၀-၄၆၊ ၂၈၊ ၂၉း၁-၁၄
“ထာဝရဘုရားကို ကြောက်ရွံ့တတ်သောသူတို့ ပတ်လည်၌ ကောင်းကင်တမန်တော်တို့သည် တပ်ချ၍ ကယ်လွှတ်တတ်ကြ၏။” - ဆာလံကျမ်း ၃၄း၇
(ဘုရားသခင်သည် အိပ်မက်အားဖြင့် ယာကုပ်ကိုသက်သာစေသည်။)
သူ၏ ကောင်းချီးမင်္ဂလာများ ဆုံးရှုံးသွားကြောင်းသိသွားေ
ထိုအကြောင်းကို ရေဗက္ကကြားသောအခါ သားငယ် ယာကုပ်ကို ခေါ်၍ သင်၏ အစ်ကို ဧသောသည် သင့်ကို သတ်သဖြင့် သင့်အမှု၌ စိတ်ကို ပြေလိမ့်မည်။ သင်၏ အစ်ကို စိတ်ပြေသည်တိုင်အောင် သူ့ထံမှ ခဏရှောင်၍ နေပါလော့” ဟု သတိပေးခဲ့တယ်။
ဒါနဲ့ ယာကုပ်ဟာ အိမ်မှထွက်ခွာ၍ ခါရန်ပြည်ကို တစ်ယောက်တည်း ခရီးထွက်ခဲ့တယ်။ ဒီလိုနဲ့ တစ်ညနေ နေဝင်ချိန်မှာ ညအိပ်ရပ်နားဖို့အတွက် ပြင်ဆင်ပြီး ကျောက်တုံးများကိုယူကာ ခေါင်းအုံးပြီး အိပ်စက်အနားယူလိုက်တယ်။ အဲ့ဒီညမှာ ထူးဆန်းတဲ့ အိပ်မက်တစ်ခုကို မက်မြင်ခဲ့တယ်။ ကောင်းကင်ကနေ လှေကားကြီး တစ်ခု ကျလာတာ မြင်ရတယ်။ ကောင်းကင်တမန်များကလည်း လှေကားတစ်လျှောက်မှာ တက်လိုက်ဆင်းလိုက် လုပ်နေကြတယ်။ လှေကားရဲ့ ထိပ်ဆုံးမှာတော့ ထာဝရအရှင်ဘုရားသခင် မားမားကြီး ရပ်နေတာ မြင်တွေ့ရတယ်။ ဘုရားသခင်က ယာကုပ်အား “သင်အိပ်သောမြေကို သင်နှင့် သင်၏အမျိုးအနွယ်အား ငါပေးမည်။ သင်သွားလေရာရာ၌ ငါစောင့်မမည်။ ဤပြည်သို့ တဖန်ဆောင်ခဲ့ဦးမည်” ဟု ကတိထားတော်မူခဲ့တယ်။
မနက်လင်းတဲ့အခါမှာတော့ ယာကုပ်လည်း အိပ်ရာက နိုးလာပြီး” အကယ်စင်စစ် ထာဝရဘုရားသည် ဤအရပ်၌ ရှိတော်မူ၏။ ရှိတော်မူကြောင်းကို ငါမသိ။ ဤအရပ်ကား တခြားမဟုတ်။ ဘုရားသခင်၏ ဘုံဗိမာန်၊ ကောင်းကင်တံခါးဝ ဖြစ်သည်တကား။” ဟု ကြောက်ရွံ့ခြင်းသို့ ရောက်၍ ဆိုခဲ့တယ်။ ထို့နောက် ခေါင်းအုံးအဖစ် အသုံးပြုခဲ့သော ကျောက်တုံးကို စိုက်ထူကာ ဆီလောင်းပြီး ဘုရားသခင်အား ကျေးဇူးတော် ချီးမွမ်းခြင်း ပြုခဲ့တယ်။
ဆက်လက်၍ ခရီးထွက်ခွာခဲ့ရာ ခါရန်မြို့အနီးရှိ ရေတွင်းတစ်ခုအနားသို့ ရောက်လာခဲ့တယ်။ ရေတွင်းနားမှာ နားနေစဉ်မှာပဲ သူ့ရဲ့ ဝမ်းကွဲနှမတော်သူ ရာခေလနှင့် ပြန်လည် တွေ့ဆုံခဲ့ရတယ်။
ယာကုပ်ဟာ ရာခေလကို တွေ့တွေ့ချင်း တခဏတည်းမှာပဲ သူမကို ချစ်ခင် စွဲလန်းသွားခဲ့တယ်။ သူမကို ဇနီးမယားအဖြစ် ပိုင်ဆိုင်လိုသောစိတ်သည်လည်
ကမ္ဘာဦးကျမ်း၊ ၂၇း၃၀-၄၆၊ ၂၈၊ ၂၉း၁-၁၄
“ထာဝရဘုရားကို ကြောက်ရွံ့တတ်သောသူတို့ ပတ်လည်၌ ကောင်းကင်တမန်တော်တို့သည် တပ်ချ၍ ကယ်လွှတ်တတ်ကြ၏။” - ဆာလံကျမ်း ၃၄း၇
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment