Saturday, March 16, 2013
ကောင်းချီးမင်္ဂလာများ တပွေ့တပိုက်ရယူသွားသူယာကုပ်
(မွေးရာပါအခွင့်ထူးကိုရောင်းစားခဲ့သူ ဧသော)
အာဗြဟံ သေသောနောက် ဘုရားသခင်သည် ဣဇက်အား ကောင်းချီးမင်္ဂလများစွာ ချပေး သနားတော်မူတယ်။ ဣဇက်မယားရေဗက္ကာသည် တစ်ဆယ့်ကိုးနှစ် အတွင်း သားဖွားနိုင်ခြင်းမရှိပေ။ ထိုအခါဣဇက်သည် ထာဝရ ဘုရားသခင်အား ဆုတောင်းသောအခါ ဘုရားသခင်သည် နားညောင်းတော်မူခဲ့တယ်။
ဣဇက်နှင့် ရေဗက္ကတို့မှာ ဧသောနဲ့ ယာကုပ်ဟူသော အမွှာ သားယောက်ျားလေး နှစ်ယောက် ထွန်းကားခဲ့တယ်။ အစ်ကိုကြီးဖြစ်သူဧသောဟာ မုဆိုး တစ်ဦးဖြစ်လာပြီး၊ တောင့်တင်းသန်မာကာ အမွှေးအမျှင်ထူသောသူ ဖြစ်သည်။ ညီဖြစ်သူယာကုပ်ကတော့ အေးအေးလူလူနေလေ့ရှိပြီး စိတ်သဘောထားကောင်းမွန်သူဖြစ်တယ်။
ဣဇက်သည် သားနှစ်ယောက်တွင် ယာကုပ်ထက် ဧသောကို ပိုချစ်ခဲ့တယ်။ အကြောင်းမှာ
ဧသော ပေးတဲ့ အမဲသားကို အမြဲစားရတဲ့အတွက်ကြောင့် ဖြစ်တယ်။ မိခင်ဖြစ်သူ ရေဗက္က
ကမူ ယာကုပ်ကို ပိုချစ်သူဖြစ်တယ်။
အဲဒီအချိန်ကာလတုန်းက မိသားစုတိုင်းမှာ အသက်အကြီးဆုံးသားတွေကို သားဦးဟူ၍ ခေါ်လေ့ရှိတယ်။ သားသမီးများထဲမှာ သူက ခေါင်းဆောင်ဖြစ်ပြီး ထူးခြားသော ကောင်းချီးမင်္ဂလာများကို ခံစားရသူ ဖြစ်တယ်။ ဧသောဟာ ယာကုပ်ထက် အသက်ကြီးပြီး သားဦးလည်း ဖြစ်တာကြောင့် ယာကုပ်ရရှိမယ့် ကောင်းချီးမင်္ဂလာများထက် အဆပေါင်းများစွာ ပိုပြီးရရှိမည့်သူ ဖြစ်တယ်။
တစ်နေ့မှာတော့ ဧသောဟာ အမဲလိုက်ရာကနေ ပြန်ရောက်လာတယ်။ အဲဒီအချိန်မှာ သူဟာ အလွန်ပဲဆာလောင်မောပန်းနေတယ် ။
ဒါနဲ့ ယာကုပ်ထံကနေ စွပ်ပြုတ်တစ်ခွက် တောင်းသောက်တယ်။ ထိုအခါ ယာကုပ်က
“ယနေ့ပင် သင်၏သားဦးအရာကို ငါ့အားရောင်းပါ” ဟုဆိုလျှင် ဧသော က “ငါသေလုပြီ။
သားဦးအရာအားဖြင့် အဘယ်အကျိုးရှိပါလိမ့်မည်နည်း။” ဟုဆိုလေ၏။ ဒီလိုနဲ့ ဧသောဟာ သားဦးအရာကို စွပ်ပြုတ်တစ်ခွက်နဲ့ လဲပစ်လိုက်တယ်။
ဣဇက်ဟာ တဖြည်းဖြည်းအသက်အရွယ် အိုမင်းလာပြီး မျက်လုံးတွေကလည်း အလွန်ပဲ ဝေဝါးလာပါတယ်။ တစ်နေ့မှာတော့ ဧသောကိုခေါ်ပြီး “မသေမီ ငါ့ဝိညာဉ်သည် သင့်ကို ကောင်းချီးပေးမည့်အကြောင်း၊
သင်၏ လက်နက်တည်းဟူသော လေးနှင့် မြှားတောင့်ကို ဆောင်ယူလျက် တောသို့သွား၍၊
ငါစားစရာဘို့ အမဲကောင်ကို ရအောင် ရှာပြီးလျှင်၊ ငါမြိန်ရှက်တတ်သော
အမဲဟင်းလျာကို ငါ့ထံသို့ ယူခဲ့ပါလော့” ဟု ပြောဆိုခဲ့တယ်။
ရေဗက္ကသည် ထိုစကားကိုကြားလျှင် ကောင်းချီးမင်္ဂလာများအား ယာကုပ်တစ်ယောက်တည်းကိုသာ ရစေချင်သော စိတ်ဆန္ဒဖြစ်ပေါ်လာတယ်။ ဒါကြောင့် ယာကုပ်ကို ဧသောရဲ့ အဝတ်အစားများကို ဝတ်ဆင်စေပြီး ယာကုပ်ရဲ့ လက်မောင်းနဲ့ လည်ပင်းမှာလည်း ဆိတ်မွှေးတွေ ဆင်ယင်ပေးလိုက်တယ်။ ပြီးတော့ သူချက်ပြုတ်ထားတဲ့ အမဲဟင်းလျာနဲ့တကွ ယာကုပ်ကို ဣဇက်ထံဝင်စေတယ်။ ဣဇက်ကလည်း ဟင်းလျာကို စားပြီးသောအခါ ယာကုပ်ကို ဧသောလို့အထင်ရှိပြီး ကောင်းချီးပေးခဲ့တယ်။
ရေဗက္က ရဲ့ အကြံအစည် အောင်မြင်သွားခဲ့တယ်။
ကမ္ဘာဦးကျမ်း၊ ၂၅း၁၀-၃၄၊ ၂၆၊ ၂၇း၁-၂၉
“ဣဇက်သည်လည်း ယုံကြည်ခြင်းအားဖြင့် အနာဂတ်အရာတို့ကို အမှတ်ပြု၍ ယာကုပ်နှင့် ဧသောကို ကောင်းချီးပေး၏။” - ဟေဗြဲ ၁၁း၂၀
(မွေးရာပါအခွင့်ထူးကိုရောင်
အာဗြဟံ သေသောနောက် ဘုရားသခင်သည် ဣဇက်အား ကောင်းချီးမင်္ဂလများစွာ ချပေး သနားတော်မူတယ်။ ဣဇက်မယားရေဗက္ကာသည် တစ်ဆယ့်ကိုးနှစ် အတွင်း သားဖွားနိုင်ခြင်းမရှိပေ။ ထိုအခါဣဇက်သည် ထာဝရ ဘုရားသခင်အား ဆုတောင်းသောအခါ ဘုရားသခင်သည် နားညောင်းတော်မူခဲ့တယ်။
ဣဇက်နှင့် ရေဗက္ကတို့မှာ ဧသောနဲ့ ယာကုပ်ဟူသော အမွှာ သားယောက်ျားလေး နှစ်ယောက် ထွန်းကားခဲ့တယ်။ အစ်ကိုကြီးဖြစ်သူဧသောဟာ မုဆိုး တစ်ဦးဖြစ်လာပြီး၊ တောင့်တင်းသန်မာကာ အမွှေးအမျှင်ထူသောသူ ဖြစ်သည်။ ညီဖြစ်သူယာကုပ်ကတော့ အေးအေးလူလူနေလေ့ရှိပြီး စိတ်သဘောထားကောင်းမွန်သူဖြစ
အဲဒီအချိန်ကာလတုန်းက မိသားစုတိုင်းမှာ အသက်အကြီးဆုံးသားတွေကို သားဦးဟူ၍ ခေါ်လေ့ရှိတယ်။ သားသမီးများထဲမှာ သူက ခေါင်းဆောင်ဖြစ်ပြီး ထူးခြားသော ကောင်းချီးမင်္ဂလာများကို ခံစားရသူ ဖြစ်တယ်။ ဧသောဟာ ယာကုပ်ထက် အသက်ကြီးပြီး သားဦးလည်း ဖြစ်တာကြောင့် ယာကုပ်ရရှိမယ့် ကောင်းချီးမင်္ဂလာများထက် အဆပေါင်းများစွာ ပိုပြီးရရှိမည့်သူ ဖြစ်တယ်။
တစ်နေ့မှာတော့ ဧသောဟာ အမဲလိုက်ရာကနေ ပြန်ရောက်လာတယ်။ အဲဒီအချိန်မှာ သူဟာ အလွန်ပဲဆာလောင်မောပန်းနေတယ်
ဣဇက်ဟာ တဖြည်းဖြည်းအသက်အရွယ် အိုမင်းလာပြီး မျက်လုံးတွေကလည်း အလွန်ပဲ ဝေဝါးလာပါတယ်။ တစ်နေ့မှာတော့ ဧသောကိုခေါ်ပြီး “မသေမီ ငါ့ဝိညာဉ်သည် သင့်ကို ကောင်းချီးပေးမည့်အကြောင်း၊
ရေဗက္ကသည် ထိုစကားကိုကြားလျှင် ကောင်းချီးမင်္ဂလာများအား ယာကုပ်တစ်ယောက်တည်းကိုသာ ရစေချင်သော စိတ်ဆန္ဒဖြစ်ပေါ်လာတယ်။ ဒါကြောင့် ယာကုပ်ကို ဧသောရဲ့ အဝတ်အစားများကို ဝတ်ဆင်စေပြီး ယာကုပ်ရဲ့ လက်မောင်းနဲ့ လည်ပင်းမှာလည်း ဆိတ်မွှေးတွေ ဆင်ယင်ပေးလိုက်တယ်။ ပြီးတော့ သူချက်ပြုတ်ထားတဲ့ အမဲဟင်းလျာနဲ့တကွ ယာကုပ်ကို ဣဇက်ထံဝင်စေတယ်။ ဣဇက်ကလည်း ဟင်းလျာကို စားပြီးသောအခါ ယာကုပ်ကို ဧသောလို့အထင်ရှိပြီး ကောင်းချီးပေးခဲ့တယ်။
ရေဗက္က ရဲ့ အကြံအစည် အောင်မြင်သွားခဲ့တယ်။
ကမ္ဘာဦးကျမ်း၊ ၂၅း၁၀-၃၄၊ ၂၆၊ ၂၇း၁-၂၉
“ဣဇက်သည်လည်း ယုံကြည်ခြင်းအားဖြင့် အနာဂတ်အရာတို့ကို အမှတ်ပြု၍ ယာကုပ်နှင့် ဧသောကို ကောင်းချီးပေး၏။” - ဟေဗြဲ ၁၁း၂၀
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment