Sunday, January 13, 2013

ကိုသာဖြူ - ပထမဆုံးကရင်လူမျိုးနှစ်ခြင်းခရစ်ယာန်သာသနာပြု

ကိုသာဖြူ ဆိုတဲ့ ပထမဆုံးကရင်လူမျိုး နှစ်ခြင်း ခရစ်ယာန်သာသနာပြု ပုဂ္ဂိုလ်ကြီးရဲ့ အကြောင်းကို ကရင် နှစ်သစ်ကူး အထူးအစီအစဉ်အဖြစ် တင်ဆက်လိုက်ရပါတယ်။ (Admin)

၁၇၇၈ ပုသိမ်မြို့ အနီး ဦးတွရွာတွင် မွေးဖွားသည်။ ပထမဆုံး ကရင်အမျိုးသာ နှစ်ခြင်းခရစ်ယာန်ဖြစ်သည်။ အသက်၁၅နှစ်အရွယ်ထိ မိဘများနှင့်နေထိုင်ခဲ့ရာတွင် ဆိုးသွမ်းပြီး၊ ထိမ်းမရသော လူငယ်ဖြစ်ခဲ့သည်။ မိဘအိမ်မနေတော့ပဲ လုယက်ဆိုးသွမ်းသူ၊ လူသတ်သမားဖြစ်လာသည်။ သူ၏ သက်သေခံချက်အရ လူ၃၀ထက်မနည်း သတ်ဖြတ်ခဲ့သည်။ အကြွေးအကြီးကျယ်တင်ပြီးနောက် မော်လမြိုင်ဈေးတွင် ကျွန်အဖြစ်ရောင်းချခြင်းခံရသည်။  ဆရာကြီးယုဒသန်၏ တပည့်ဖြစ်သော ဦးရွှေဘေ ဆိုသူက ၀ယ်ယူခဲ့သည်။ ဆရာကြီးယုဒသန် (ဂျပ်ဆင်) သည် ပထမဆုံး မြန်မာနှစ်ခြင်းခရစ်ယာန် မစ်ရှင်စတင်သူဖြစ်သည်။ ဦးရွှေဘေသည် ကိုသာဖြူကို စာသင်ပေးရာတွင် သိပ်အဆင်မပြေလှပါ။ ဆရာကြီးယုဒသန်ထံ အပ်နှံသင်ကြားပေးရာ စာရေး၊စာဖတ် တတ်လာခဲ့သည်။

လူ့အကြံအစည် နှင့် ဘုရားသခင်၏ အကြံအစည်တော်



၁၉၇၂ ခုနှစ်က စင်ကာပူ ခရီးသွားလာရေး အရာရှိက စင်ကာပူဝန်ကြီးချုပ် လီကွမ်ယုကို အစီရင်ခံစာ တင်သွင်းခဲ့တယ်။
စာထဲမှာ "ကျွန်တော်တို့ စင်ကာပူဟာ အီဂျစ်နိုင်ငံကလို ပိရမစ်မရှိဘူး။ တရုတ်နိုင်ငံလို ဂရိတ်ဝေါ မရှိဘူး။ ဂျပန်နိုင်ငံလို ဖူဂျီတောင် မရှိဘူး။ ဟာဝိုင်ယီလို (၁၀) မီတာအမြင့်ရှိတဲ့ လှိုင်းတွေ မရှိဘူး။ ကျွန်တော်တို့ နိုင်ငံမှာ (၁၂) ရာသီလုံး ပူပြင်းတဲ့ နေရောင်ခြည်က လွဲလို့ ဘာမျှ ထူးဆန်းတာ မရှိဘူး။ ခရီးသွားလာရေးအတွက် ချဲ့ထွင်မယ်ဆိုရင် ခက်ခဲလိမ့်မယ်" လို့ ရေးထားတယ်။
လီကွမ်ယု က စာဖတ်ပြီး ဒေါသူပုန် ထတော့တယ်။ နောက် စာတစ်စောင် ပြန်ပို့လိုက်တယ်။ စာထဲမှာ ဒီလို ရေးထားတယ်။
"ဘုရားသခင် က ပေးထားတာ မလုံလောက်သေးဘူးလား။ နေရောင်ခြည်၊ နေရောင်ခြည်သာရှိရင် တို့ လုံလောက်ပြီ။"
အဲဒီနောက် စင်ကာပူက တစ်နှစ်ပတ်လုံး နေရောင်ခြည်ကို အသုံးပြုပြီး သစ်ပင်ပန်းမန်တွေ စိုက်ခဲ့တယ်။ အချိန်တိုတိုအတွင်းမှာ လှပတဲ့ ပန်းဥယျာဉ်မြို့တော်အဖြစ် နာမည်ကြီးခဲ့ပြီး အာရှတိုက်မှာ တတိယကမ္ဘာလှည့် ခရီးသည် အများဆုံးနိုင်ငံ ဖြစ်လာတယ်။

နိုင်ငံတိုင်း၊ နေရာတိုင်း၊ လူတိုင်းကို ဘုရားသခင်က ပစ္စည်းများများစားစား မပေးခဲ့ပါဘူး။
"နယူတန်" ကို ပန်းသီး တစ်လုံးပဲ ပေးခဲ့တယ်။
ဒါတောင် သေချာပေးတာမဟုတ်ဘဲ၊ ပစ်ချပေးခဲ့တယ်။
"ဒစ်စနီ" ကို ကြွက်တစ်ကောင်ပဲ ပေးခဲ့တယ်။
ဒါတောင် ဒစ်စနီကိုယ်တိုင် စားစရာ ပေါင်မုန့်တစ်ချပ်တောင် မရှိတဲ့အချိန်မှာ ပေးခဲ့တာ ဖြစ်တယ်။
တရုတ်ပြည် ကန်တုံနယ်က ကူဖုဆိုတဲ့ မြို့ကို "ကွန်ဖြူးရှပ်" တစ်ယောက်ပဲ ပေးခဲ့တယ်။

ဘုရားသခင်က နေရာတစ်ခုကို နည်းနည်းစီပေးခဲ့ပေမဲ့ အသုံးပြုတတ်ရင်တော့ အဲဒီနည်းဟာ အများကြီး ဖြစ်လာနိုင်ပါတယ်။ တွေးတောနေတဲ့ နယူတန်ဟာ အဲဒီပန်းသီးကြောင့် ရုက္ခဗေဒပညာရှင်ကြီး ဖြစ်ခဲ့တယ်။ ငတ်နေချိန်မှာ ရောက်လာတဲ့ ကြွက်ကို ဒစ်စနီ သတ်မစားခဲ့ပါဘူး။ အဲဒီကြွက်ကို အသုံးပြုပြီး အဖိုးမဖြတ်နိုင်တဲ့ ကာတွန်းတိုင်းပြည်ကို တည်ထောင်နိုင်ခဲ့တယ်။ ကွန်ဖြူးရှပ် ကို အသုံးပြုပြီး ကူဖုဟာ ခရီးသွားတွေ မစဲတဲ့ ရှေးဟောင်းမြို့တစ်မြို့ ဖြစ်ခဲ့တယ်။

သူ ချမ်းသာလိုက်တာ၊ သူက လှလိုက်တာ။ သူက တော်လိုက်တာ။ ငါ့ကျတော့ ဘာမှမရှိဘူးဆိုပြီး ကိုယ့်ကို ပေးတာနည်းတယ်။ များတယ်။ လို့ ညည်းညူကြဖူးလား။ သူ့ကျတော့ ရာထူးမြင့်မြင့်နဲ့ ထိုင်တဲ့ခုံက ဆိုဖာခုံ၊ ငါ့ကျတော့ ခုံစုတ်တစ်လုံးပဲရတယ်လို့ မညည်းခင် လီကွမ်ယုရဲ့ စကားကို ပြန်စဉ်းစားမိတဲ့အခါ

သြော် ဘုရားသခင် ငါ့ကို ဒီခုံစုတ်ပေးတာ
အကြောင်းရှိရမယ်လို့ တွေးမိခဲ့ရင်......။

နိုင်းနိုင်းစနေ

Credit: www.99sanay.com မှ ကူးယူတင်ပြသည်။

အတုတွေကို ငါမုန်းတယ်

အတုတွေကို ငါမုန်းတယ်
ကွယ်ရာမှာ အတင်းအုပ်တဲ့
အတုတွေကို ငါမုန်းတယ်။

လိုအပ်နေတဲ့ ကူညီမှုကို လျစ်လျူရှု
အကျိုးမဲ့ရင် ဥပေက္ခာပြုတဲ့
အတုတွေကို ငါမုန်းတယ်။

ကိုယ်လိုတာရဖို့ ပရိယာယ်ဆင်
စကားလုံးတွေကို ပျားရည်လိမ်းလို့
သူ့ကို မြှောက်ပင့် အမြင့်တင်တဲ့
အတုတွေကို ငါမုန်းတယ်။

ကိုယ့်ကိုကိုယ် အကာယူဖို့
ဆင်ခြင်တွေ ဗရပွသုံး
အရှက်မဲ့ အပြုံးတွေနဲ့
အတုတွေကို ငါမုန်းတယ်။

မနာလိုဝန်တိုစိတ်တွေကို ဖုံးအုပ်
ဟန်ဆောင်လောကွတ်လုပ်နေတဲ့
အတုတွေကို ငါမုန်းတယ်။

ခင်မင်မှုကို ခုတုံးလုပ်ပြီး
ပါးစပ်အခွင့်အရေးယူတတ်တဲ့
အတုတွေကို ငါမုန်းတယ်။

ဒီလိုလူတွေကြားမှာ နေသားကျနေခဲ့တဲ့
ငါ့ကိုယ်ငါလည်း မုန်းတယ်။

မိုးခါး

Credit: YIC Newsletter မှ ကောက်နုတ်ဖော်ပြပါသည်။