Monday, December 17, 2012

ရန်ကုန် ဖလမ်း နှစ်ခြင်းအသင်းတော်မှ လူငယ်များ၏ ခရစ္စမတ်တေးသီချင်းများ သီဆိုဖျော်ဖြေပွဲကို စိမ်းလန်းစိုပြေ ဥယျာဉ်တွင် ပြုလုပ်ကျင်းပသွားမည်ဟု သိရပါသည်။ လာရောက်ကြသော ပရိတ်သတ်များအား ခရစ္စမတ်လက်ဆောင်လေးများ ပြန်လည်ပေးအပ်သွားမည့်အပြင် အဆိုပါ Christmas Music Performance ပွဲ၌ မြန်မာနှင့် အင်္ဂလိပ်သီချင်းများဖြင့် သီဆိုဖျော်ဖြေပေးသွားမည်ဖြစ်ပါသည်။ အဆိုပါ ပွဲအား လာမည့် ဒီဇင်ဘာလ ၂၀ ရက်နေ့၊ ညနေ ၅ နာရီခွဲ မှ ည ၉ နာရီထိ ရန်ကုန်မြို့၊ အင်းလျားလမ်းရှိ စိမ်းလန်းစိုပြေဥယျာဉ်တွင် ပြုလုပ်သွားမှာဖြစ်လို့ ဂီတကိုချစ်သော ခရစ်ယာန်လူငယ်တိုင်း ပါဝင်နိုင်ဖို့ သတင်းပေးလိုက်ရပါသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment